၁၆။ အခန်း (၅) / အခန္း (၅)

429 80 3
                                    

၁၆။ အခန်း (၅)

မနက်ပိုင်းအစည်းအဝေးတွင် ကုမ္ပဏီမှ လုပ်ဖော်ကိုင်ဖက်အားလုံးကို လင်းစီယ တွေ့လိုက်ရ၏။လူဆယ်ယောက်သာရှိသည့် ကုမ္ပဏီငယ်လေးဖြစ်သည်မှာ အမှန်ပင်တည်း။

သူဌေးမ ယွမ်ရှင်းနှင့် ဘဏ္ဍာရေးတာဝန်ခံဖြစ်သောအလုပ်အမှုဆောင်အမျိုးသမီးမှလွဲ၍ ကျန်သောသူများကို အရောင်းဌာန၊ ဖောက်သည်ဝန်ဆောင်မှုလုပ်ငန်းဌာနနှင့် ပြုပြင်ထိန်းသိမ်းဌာနဟူ၍ သုံးဌာနခွဲထား၏။ကုမ္ပဏီက စောင့်ကြပ်ခြင်းနှင့် သူခိုးရန်ကာကွယ်ခြင်းကို အဓိကအားဖြင့်လုပ်ဆောင်ပေးသည်။

အရောင်းဌာနမန်နေဂျာလီရှောင်ယု၏တာဝန်ခံလက်အောက်တွင် အရောင်းဝန်ထမ်းနှစ်ယောက်ရှိပေသည်။အရောင်းထုတ်ကုန်များနှင့် အလုပ်ကိစ္စများကို တာဝန်ယူရသည်။ဖောက်သည်ဝန်ဆောင်မှုလုပ်ငန်းဌာနမန်နေဂျာလက်အောက်တွင်တော့ နေ့ဆိုင်းနှစ်ယောက်နှင့်ညဆိုင်းနှစ်ယောက်ဟူ၍ လေးယောက်ရှိ၏။သူတို့သည် ရောင်းအားဝန်ဆောင်မှု၊ ညရေးညတာကာကွယ်ပေးခြင်းနှင့် ဖောက်သည်များ၏ အခက်အခဲများကို အဓိကအားဖြင့် အချိန်မရွေး တာဝန်ယူဖြေးရှင်းပေးကြရသည်။ပြုပြင်ထိန်းသိမ်းရေးနှင့်နည်းပညာကြီးကြပ်ရေး၏ မန်နေဂျာချန်ရိလက်အောက်တွင်လည်း ပစ္စည်းပစ္စယများပြင်ဆင်ထိန်းသိမ်း၊တပ်ဆင်ရသည့် နည်းပညာရှင်လေးဦးရှိ၏။

ထိုလူများထဲမှ ထက်ဝက်ကျော်သည် ယွမ်ရှင်း၏ လေ့လာမှုကာလအတွင်း ရှိကြသည်။ သူတို့နှင့်ရောနှောလုပ်ကိုင်သူများအားလုံးသည် အသက်နှစ်ဆယ်ကျော်များသာဖြစ်ကြသေး၏။ဤကုမ္ပဏီသက်တမ်းမှာ အလွန်နုသေးသည်။

အစည်းအဝေးပြီးသောအခါ ရှင်းအာသည် လင်းစီယကို ကုမ္ပဏီလက်စွဲစာအုပ်ပေးလိုက်၏။လင်းစီယသည် ယွမ်ရှင်းက သူမကို အရောင်းဌာနတွင် နေရာချပေးထားခြင်းကို နားလည်သောကြောင့် အပြီးသတ်ရန်မထူလွန်းသည့်စာအုပ်ကို ယူလိုက်လေသည်။ဤဌာနကသာ အလားအလာကောင်းများစွာ အပြည့်ရှိပြီး သူမအတွက် အကောင်းဆုံးဖြစ်နေသည်။

"အခြေအနေဘယ်လိုနေလဲ?"

လီရှောင်ယု ထိုနေ့တွင် လင်းစီယကို တွေ့လိုက်ပြီးသော်လည်း ရှင်းအာ၏ ရည်ရွယ်ချက်ကိုတော့ သူမ နားမလည်သေးပေ။ယွမ်ရှင်း လူများကို ခေါ်လာပြီဆိုတည်းက သူမနှလုံးသားဆန္ဒအရ ခေါ်လာခြင်းဖြစ်၏။သူက ကျောင်းတက်စဥ်က ကျောင်းသူလေးသာဖြစ်ခဲ့သည်။အစပိုင်းတွင်သူတို့တစ်အုပ်စုလုံးက မည်သူမှ မကြိုးစားကြချေ။သူမတို့ကို ခေါ်ဆောင်သည့် ယွမ်ရှင်းသာမရှိခဲ့ပါက သူမတို့ ဘယ်နေရာသို့ သွားရမည်မှန်းသိကြမည်မဟုတ်ပေ။ဤနေရာသည် ကုမ္ပဏီဖြစ်ရုံသာမက သူမတို့အားလုံး၏အိမ်လည်း ဖြစ်၏။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now