၂၈။ အခန်း (၁~က) /အခန္း (၁~က)

455 49 10
                                    

ဘေးချင်းကပ်အအေးနန်းဆောင်မှ သူမတို့ (၁)

~°~°~°~°~


ရှင်းအာသည် နျင်ကျီချင်ကို ရေခဲဆောင်မှ ကူကယ်ထုတ်လာပြီး ညောင်စောင်းသလွန်ပေါ်ထိုင်စေကာ အပြင်ထွက်ရန်လှည့်လိုက်သည်။အားနည်းနေသေးသောနျင်ကျီချင်သည် သူမ၏ အင်္ကျီလက်ကို ဖွဖွလေးဆွဲပြီး အောင့်အည်းထားသောအသံလေးကို ထိန်းကာပြောလိုက်သည်။ "မိဖုရားလင်း...အာ မဟုတ်သေးဘူး၊ ကွေ့မိဖုရားလင်း ဘယ်သွားမလို့လဲဟင်?"

ဆန္ဒပြင်းပြကာ ပူလောင်နေသာအမျိုးသမီးကို ကြည့်ပြီးရှင်းအာပြောလိုက်သည်။ "ရှင် ဆေးသောက်ရမယ်"

"ကျွန်မ နားလည်ပါပြီ" နျင်ကျီချင်သည် အနည်းငယ်ရှက်မြန်းသွားသည်။သူမကိုကယ်တင်ပေးလာသည့်လူမှာ ကွေ့မိဖုရားလင်းဖြစ်သည်... ဒါ​ကြောင့် ဒီအရာကိုသူမ၏ရှင်သန်ခြင်းနောက်ဆုံးကောက်ရိုးတစ်မျှင်ဟု နားလည်သွားတော့သည်။

ရှင်းအာသည် နျင်ကျီချင်၏လက်ကို စမ်းသပ်ပေးကာ သူမ၏နာကျင်သောမျက်နှာလေးကိုကြည့်ရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။သူမမျက်နှာပေါ်က ချွေးစေးများကိုသုတ်ပေးရန် လက်ကိုင်ပုဝါတစ်ခုထုတ်လာပြီး ခပ်ပေါ့ပေါ့မေးလိုက်လေသည်။ "ရေအေးလိုလား၊ ယောက်ျားတစ်ယောက်ပဲယူမလား"

"သေချာပေါက် ရေအေးပေါ့"

နျင်ကျီချင် သရော်ပြုံးပြုံးလိုက်သည်။အမျိုးသမီးကိုယ်သင်းနံ့ယဲ့ယဲ့လေးက အသိစိတ်ကပ်လာစေပြီး တောက်ပလှပသောမျက်နှာလေး သူမဆီ နီးကပ်လာသောအခါ သူမကို ​မှင်သက်သွားစေသည်။သူမနှင့် ကွေ့မိဖုရားလင်းတို့သည် ဤနန်းဆောင်ထဲ အတူတူ ရောက်ရှိခဲ့ကြသည်။အတိတ်ကကွေ့မိဖုရားလင်းနှင့် ဒီနေ့ရဲ့ကွေ့မိဖုရားလင်းက ဘာလို့များ မတူတော့သလိုခံစားနေတာလဲ?

မနေ့က အအေးနန်းဆောင်ဆီအပို့ခံရကာ သူမ ဖယ်ကျဥ်ခံလိုက်ရပြီ။တော်ဝင်မိဖုရားရာထူးကို မဖျက်သိမ်းသော်လည်း သူမ၏ဖြူစင်ရိုးသားမှုများကိုတော့  ဆုံးရှုံးသွားခဲ့ရသည်။သူမ လက်လျော့ပစ်လိုက်တဲ့အချိန်မှာပဲ လင်းရှင်းက ပေါ်လာတယ်၊ အရင်ပညာသင်ဆရာဟောင်းလင်းထျန်ဖု၏ အရည်အချင်းရှိပြီးနူးညံ့သိမ်မွေ့သော ကျောက်စိမ်းလိုသမီးက သူမလိုဒီလိုလူကို ကယ်ထုတ်လာပေးတယ်၊ ဒါ ဒါက... အဲဒါက အအေးနန်းဆောင်မှာ အကြာကြီးစံစားခဲ့ဖူးတဲ့မိဖုရားအတွက် ဖြစ်နိုင်လို့လား?

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now