၁၁။ အခန်း (၁၁) / အခန္း (၁၁)

937 113 17
                                    

၁၁။ အခန်း (၁၁) /

"ရှင်းအာ ဘာကြောင့်ဒီလိုတွေ ကူညီရတာလဲလို့၊  ငါ့ကိုပြောစမ်းပါ"

ရှင်းအာ ဤကဲ့သို့လေးနက်သည့်ချောင်ဝေ့ကို တစ်ခါမှမတွေ့မိဖူးချေ။စာချုပ်အကြောင်းဆွေးနွေးချိန်တွင်ပင် သူမခန္ဓာကိုယ်မှာ ဤကဲ့သို့တင်းကျပ်မနေချေ။သူမ ချောင်းဝေ့ကို စူးစိုက်ကြည့်လိုက်သည်။သူမ ဘယ်အရာကိုမှ နက်ရှိုင်းစွာ မတွေးတောမိခဲ့ချေ။ချောင်ဝေ့ကတော့ အဖြေကို သိချင်နေပြီ။ဒါပေါ့ သူမ တစ်ဖက်လူကို ပြောမှာပါ။

"ငါက နင့်ကို ပျော်ရွှင်ပြီးကောင်းမွန်တဲ့ ဘဝမှာရှင်သန်စေချင်တာ"

"နင်က ဘာလို့ငါ့ကို ပျော်ရွှင်နေပြီး ကောင်းကောင်းမွန်မွန်ရှင်သန်စေချင်ရတာလဲ?" ချောင်ဝေ့ နှုတ်ခမ်းကွေးကာ ပြုံးလိုက်ပြီး  ရှင်းအာဆီဦးတည်၍လျှောက်လာလိုက်သည်။သူမကိုပွေ့ဖက်ပြီး အမြဲတမ်းနွေးထွေးကာနူးညံ့နေသောမျက်လုံးလေးများကို စိုက်ကြည့်ပြီး မေးပစ်လိုက်သည်: "ရှင်းအာ နင် ငါ့ကိုကြိုက်နေတာ ဘယ်လောက်ကြာပြီလဲ?"

ရှင်းအာ: ?

"မရှက်ပါနဲ့၊ ငါတို့တွေက အရွယ်ရောက်ပြီးပြီပဲကို၊ ယောက်ျားနှင့်မိန်းမကြားမှာတော့ ပုံမှန်ဖြစ်နေပေမယ့် မိန်းကလေးနှစ်ယောက်ကြားဆိုရင်တော့ ခြားနားတယ်ဆိုပေမဲ့ပေါ့" ရှင်းအာ၏နားရွက်လေးတွင် ချောင်ဝေ့ ကပ်ပြောလိုက်သည်။  "နင်ပြောစမ်းပါ၊ ငါပြောတာကို နင်လက်ခံလား? ငါအထက်တန်းတုန်းတည်းက တိတ်တခိုးချစ်နေခဲ့တာလား? ငါနှင့်ကျီကျန်း လမ်းခွဲတော့ ငါ့ဘဝထဲဝင်လာဖို့ အခွင့်အရေး နင်ရသွားတာပေါ့လေ၊ ဘဝတစ်လျှောက်လုံး အတူရှိနေချင်လို့ ငါ့ကိုကူညီပေးပြီး ငါနှင့်ရင်းရင်းနှီးနှီးနေခဲ့တာပေါ့"

ရှင်းအာ: အရမ်းများသွားပြီလို့ ထင်တယ်နော်

ရှင်းအာကို ချေပရန် အခွင့်အရေးတစ်ခါလေးပင် ချောင်ဝေ့မပေးခဲ့ချေ။ထို့ကြောင့် နားထဲတွင် စိတ်လှုပ်ရှားနေသည်ဟူသော နှလုံးခုန်သံလေးကြားရသည်အထိ သူမဖက်လိုက်သည်။  "ရှင်းအာ၊ အနာဂတ်မှာ ငါ့ကို မချစ်မိစေနဲ့ အိုစခေ၊ နင် ငါ့ကို ချစ်ကိုချစ်ရမယ်၊ ငါ နင့်ကို တကယ်သဘောကျတယ် ရှင်းအာ၊ အထက်တန်းကတည်းက နင့်ကို တကယ် သဘောကျနေခဲ့တာ"

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now