၂။ အခန်း-၂ / အခန္း-၂

1K 144 4
                                    

၂။ အခန်း-၂

ယနေ့သည် ချောင်ဝေ့အတွက် ချောင်မိသားစုကျဆုံးပြီးကတည်းက ပထမဆုံးသက်တောင့်သက်သာအဖြစ်ဆုံးနေ့ဖြစ်ပေ၏။

ပုံတုံးတုံးငတုံးမက အတန်းပြီးတာတောင် အရေးမစိုက်ဘဲ စာကိုသာဆက်လုပ်နေ၏။သန့်စင်ခန်းသွားသည့်အချိန်မှလွဲ၍ စာအုပ်နှင့်မကွာ စာလုပ်နေသည်။သို့သော် ရှင်းအာသည် သူမတစ်ဦးတည်းသာစာလုပ်သည်မဟုတ်။သူမ(ချောင်ဝေ့) ကိုလည်းသူမခုံတွင် စာထိုင်လုပ်စေရန် ဆွဲခေါ်နေသည်။ဒီငတုံးမက ချောင်ဝေ့ကိုလည်းကျောင်းကထုတ်ပေးတဲ့လေ့ကျင့်ခန်းစာအုပ်တွေကို သူမနှင့်အတူ အပြီးလုပ်ဖို့တိုက်တွန်းနေသည်။

ကျောင်းဆင်းသောအခါ ကျောင်းသား၊ကျောင်းသူများသည် အိတ်ကိုယ်စီလွယ်ပြီး အတန်းမှထွက်ခွာကြတော့သည်။

စာဆက်လုပ်နေသည့်ရှင်းအာကို ချောင်ဝေ့တစ်ချက်ကြည့်ပြီးမေးလိုက်သည်။ "ကျောင်းဆင်းပြီ၊ အိမ်မပြန်ဘူးလား?"

"ငါပြီးအောင်လုပ်ပြီးမှပြန်မယ်" ရှင်းအာက အပြုံးဖျော့ဖျော့နှင့် သူမကိုပြောလာသည်။ရှင်းအာသည် မျက်မှန်ကို တပ်လိုက်ပြီး သူမဆံရစ်ရှည်များသည်လည်း သူမမျက်နှာကို မှောင်ကျသွားစေသည်။ချောင်ဝေ့သာ စူးစိုက်မကြည့်လျှင် ရှင်းအာပြုံးနေသည်ကို သတိထားမိမည်မဟုတ်ပေ။

ချောင်ဝေ့ လုံး၀ဆို့နင်သွားသည်။ "အိမ်မပြန်သေးခင် နင်အိမ်စာအားလုံးပြီးသွားတာလား?!"

"ဘာများပြဿနာရှိလို့လဲ?"

"မ...မရှိပါဘူး" သူမ(ယန်ရှင်း)လို အမတ,ငတုံးမတွေရဲ့ သီးခြားလောကကို ဘယ်တော့မှ နားလည်ပေးနိုင်မှာမဟုတ်ဘူး။(အမတ=မသေမျိုး)

အိမ်ပြန်ကြတဲ့သူမအတန်းဖော်တွေကိုကြည့်ရင်း သူမလည်းအိမ်ကိုပြန်သွားရမည့်အကြောင်း သတိရလိုက်သည်။သူမ၏နှုတ်ခမ်းထောင့်တို့ မဲ့ကျသွားပြီး သူမ၏ကောင်းမွန်သည့်စိတ်အခြေအနေတို့လည်း ပျံ့လွင့်သွားတော့သည်။

ဒီစာသင်နှစ်၀က်၏စာလေ့လာခြင်းအပေါ် သူမစိတ်မနှစ်ထားမိလိုက်ပေ။အိမ်တွင် ဤကဲ့သို့ပြဿနာအကြီးစားကြုံနေချိန်တွင် မည်သူကမျှ စာလေ့လာချင်လိမ့်မည်မဟုတ်ပေ။နောက်ဆုံးစာမေးပွဲကြီးက *င်နားကပ်နေပြီ။သူမရဲ့ထိပ်ဆုံးအဆင့်၂၀ကို ထိန်းရောထိန်းသိမ်းနိုင်မည်လား သူမ,မသေချာတော့ပေ။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now