၃၀။ အခန်း (၃) /အခန္း (၃)

263 33 7
                                    

ဘေးချင်းကပ်အအေးနန်းဆောင်မှ သူမတို့ (၃)

~°~°~°~°~


"ကလေးလေး၊ နင်က ဟဲလျိန်ကျန်းရဲ့သားတော့မဟုတ်ဘူး၊ ဒါပေမဲ့ ဒီနေ့ကစပြီး သူ့မျိုးရိုးလို့ မှတ်ယူထားလိုက်တော့"

ကောင်ကလေးသည် အေးစက်သောထိုင်ခုံပေါ်တွင်ထိုင်ကာ တစ်ဖက်က ကြက်ခြေထောက်၊ နောက်တစ်ဖက်က ဆန်ဖက်ထုပ်ကိုကိုင်ရင်း သူ့ရှေ့က တောက်ပသောအမျိုးသမီး၏စကားကို နားထောင်နေ၏။ထင်ရှားပြတ်သားသော နူးနူးညံ့ညံ့အသံက သူ့နားထဲတွင် ခံညားထည်ဝါစွာဝင်ရောက်လာသကဲ့သို့ လုံးဝ နွံနာငြိမ်ကျနေသည်။

"ဟုတ်ကဲ့"

နျင်ကျီချင် နည်းနည်းလေးသိချင်စိတ်ရှိသွားသည်။ဤကလေးသည် ယခုမှ ငါးနှစ်လေးသာရှိသေးသည်။ ဟဲလျိန်ကျန်းရဲ့သားမဟုတ်ဘူးလို့ ကြားလိုက်တာတောင် ဒီကလေးက အံ့သြတာတွေ၊ မကျေနပ်တာတွေ ဘာလို့မဖြစ်ရတာလဲ? ဒီလိုတွေဖြစ်မဲ့အစား ကွေ့မိဖုရားလင်းကို အလွန်စစ်မှန်သောအကြည့်နှင့်တောင် ကြည့်လိုက်သေးတယ်၊ ဒီကောင်လေးရဲ့ အရင်ကဖြစ်တည်လာတဲ့ကိစ္စတွေကို တွေးကြည့်ရင် အအေးနန်းဆောင်ထဲအသက်ဆက်ရှင်ဖို့က လွယ်ကူမဲ့ပုံမပေါ်ဘူးပဲ၊ ဒါက သူ့ရဲ့နောက်ဆုံးဖြစ်နေလို့ပဲနေမှာပါ၊ပါးနပ်တဲ့လူတွေက အခွင့်အရေးကို ဖမ်းဆုပ်တတ်ကြတာပဲကို၊ ဒီကလေးက ပထမအမြင်နှင့်တင် ပါးနပ်ချက်ချာတယ်ဆိုတာ သိသာနေတာပဲကို။

"ကလေးလေးမှာ နာမည်ရှိလား?"

ကလေး၏မျက်နှာသေးသေးလေးထင်တွင် ရှက်ရွံ့မှုများ နီမြန်းသွားသည်။ "ကျွန်တော့်ကို ခွေးပေါက်လေးလို့ ခေါ်ကြတယ်"

နျင်ကျီချင်မှာ ထိုနာမည်ကို လုံးဝခေါ်မထွက်တော့ချေ။ကွေ့မိဖုရားလင်းက သူမကို ကြည့်လာ၍ အသက်ရှုကျပ်မိသွားသည်။

"နောင်အနာဂတ်မှာ ကလေးက ဟဲလျိန်ဖူဖြစ်သွားပြီ"

"ဟဲလျိန်ဖူ  ဟဲလျိန်ဖူ..." ဟဲလျိန်ဖူသည် အကြိမ်ကြိမ်အခါခါ တီးတိုးရေရွတ်ကာ ဖြူဖျော့သောမျက်နှာသေးသေးလေးထက် အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။ "ဟုတ်ကဲ့ ကွေ့မိဖုရား၊ ဒီနေ့ကစပြီး ကျွန်တော်က ဟဲလျိန်ဖူ ဖြစ်သွားပြီ"

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now