၂၂။ အခန်း (၁၁) / အခန္း (၁၁)

396 73 3
                                    

၂၂။ အခန်း (၁၁)

ကျန်ကျားသည် အဆင့်မြင့်အဝတ်အစားဝတ်ဆင်ထားပြီး ဂုရန်လက်မောင်းကို ချိတ်ကာ သူ့ဘေးတွင် တိတ်တဆိတ်ရပ်နေသည်။တစ်ဖက်ကလည်း ဂုရန်နှင့်ပွဲတက်ဝတ်စုံလေးဆင်တူဝတ်ဆင်ထားသော ဂုရွှုန်ကို လက်ဆွဲထားသည်။ဂုရွှုန်မှာ ဂုန်ယန်အသေးစားလေးနှင့်တူနေသည်။

ကလေးဆန်သောမျက်နှာသေးသေးလေးတွင် လှပသောအပြုံးရှိနေသည်။မျက်လုံးများက မဲနက်တောက်ပနေသည်။အကြည့်တစ်ချက်နှင့်တင် စမတ်ကျသောကလေးဟု မြင်သာသည်။လူတိုင်းသည် ဖျစ်ညှစ်နေချင်ကြသော်လည်း ဂုရန်၏သားလေးဖြစ်သည်ကို စဥ်းစားမိကြပြီး သူတို့ လက်ဟန်ခြေဟန်များမလုပ်ရဲကြတော့ပေ။

ကျန်ကျားနှင့်သူမတို့သားအမိနှစ်ယောက်သည် ဂုရန်နောက်လိုက်ကာ လူပေါင်းများစွာ၏ အာရုံစိုက်ခံရပြီး ချီးကျူးဂုဏ်ပြုမှုလက်ခံကြသည်... ဂုရန်က အရေးကြီးသောလူများနှင့် ကိစ္စများဆွေးနွေးလိုလျှင် သူမသည် ဂုရွှုန်နှင့် နေလိုက်ရသည်။

ဂုရန်၏ဂုဏ်ပုဒ်ကြောင့် သူမနေခဲ့ရသည်ကို မကြောက်ရွံ့ပေ။သူမ ဂုရန်နားမှ ဖယ်ထွက်လာသည်နှင့် အမျိုးသမီးအုပ်ကြီးက သူမဆီဝိုင်းအုံလာသည်။ဤအမျိုးသမီးများသည် သားနားသောဝတ်စုံများဝတ်ဆင်ကြထားပြီး အလှပဆုံးသောဝတ်စုံဝတ်ဆင်၍ လူတိုင်း၏အာရုံကိုဆွဲဆောင်ရန်  မစောင့်နိုင်ကြပေ။

သို့သော် သူတို့ ကျန်ကျားရှေ့ရပ်ပြီး သူမ၏အဆင့်အတန်းမြင့်ကုမ္ပဏီမှထုတ်သောအပြာရောင် ဂါဝန်ဝဲဝဲလေးနှင့် နှိုင်းယှဥ်လျှင်  သူမတို့အားလုံးသည် မှေးမှိန်သွားရသည်။သူမလည်ပင်းတွင်ဆင်ယင်ထားသော အပြာရောင်ကျောက်မျက်ရိုင်းသည် အလွန်စူးရှကာတောက်ပသည်။ကျန်ကျား၏မျက်နှာသည် ရင်သပ်ရှူမောစရာမကောင်းသလို အာရုံစိုက်ရသည်လောက်လည်း မဟုတ်ပေ။သိမ်မွေ့ရုံလောက်သာ။ရှောင်ကျဲဘိုင်ယု,ကသာ သူမခန္ဓာကိုယ်ကို လူအုပ်ကြီးအားလုံးဝအာရုံဖမ်းစားပေးနေသည့် အရာဖြစ်ပေသည်။

ဂုရန်၏ဂုဏ်ကြောင့်သာ သူမ၏ဘယ်ကလာသလဲဆိုသည်က အရေးမပါတော့တာဖြစ်ပြီး သူမကို သဘောထားမသေးရဲတော့တာဖြစ်သည်။ကျန်ကျားသည် ထိုဟာကို ဆုပ်ကိုင်ထားရမည်ဖြစ်ပြီး မဟုတ်ခဲ့လျှင် စိတ်ပျက်စရာဖြစ်လာလိမ့်မည်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now