၂၆။ အခန်း (၁၅~ခ) /အခန်း (၁၅~ခ)

429 64 7
                                    

၂၆။ အခန်း (၁၅~ခ)

"စေတနာ့ဝန်ထမ်းတွေကို စုဆောင်းချင်လား?"

"ကောင်းသားပဲ၊ ကြွက်စမ်းသပ်မှုကိုပဲ အသုံးပြုရင်  Rebirthကြောင့် အဲ့ဒီဝယ်ယူသူတွေ မဝယ်ရဲကြမှာ စိုးရွံ့ရတယ်၊ ငွေရေးကြေးရေးအဆင်မပြေတဲ့ စေတနာဝန်ထမ်းတွေစုဆောင်းဖို့ကို ကျွန်မတို့ စီစဥ်ရမယ်၊ အသားအရေ အမာရွတ်စမ်းသပ်ဖို့ သူတို့ကို သူတို့တွေးထားသလောက်နစ်နာကြေးပေးရမယ်၊ ပြဿနာတစ်ခုခုကြုံခဲ့ရင်တောင် သူတို့က တွက်ချေကိုက်တဲ့ပိုက်ဆံအပြုံလိုက်ရသွားကြမှာလေ"

အကြီးအကဲချင်သည် ခေါင်းညိတ်ကာ သူ၏အင်္ကျီလက်ကိုမလိုက်သောအခါ လက်မောင်းတွင် အမာရွတ်ကြီးရှိနေသည်။  "ဒါဆို ကျုပ်လည်း တစ်ယောက်အနေနှင့် ပါဝင်မယ်" အဲ့ဒီအရာ​ကို သူကိုယ်တိုင် စမ်းသုံးပြီး အရေးပါဆုံးသောလူများကို စိတ်ချသွားစေမည်။

"ဒါက မီးလောင်ဒဏ်ရာပဲ၊ လက်ချောင်းအရွယ်အစားလောက်ပဲ ရှိပေမဲ့" အကြီးအကဲချင်သည် အတွေးထဲနစ်မြောသွားပြီး "ဒီအချိန်မှာ ပါဝင်ခွင့်ပေးကြပေါ့"

နောက်ထပ်တစ်လကုန်လွန်သောအခါ Rebirth၏ဘေးထွက်ဆိုးကျိုးသည် နောက်ဆုံးတော့ နောက်ကျစွာပေါ်လာတော့သည်။

အစကအသုံးပြုသူများသည် သူတို့၏ အသားအရေများ ပိုပို၍ချောမွေ့လာတာဖြစ်သည်။နောက်တစ်ရက်မိုးလင်း၍ မှန်ရှေ့တွင်ကြည့်ကြသောအခါ နေရာတွင်ပင် အနာရွတ်ရှိနေသည်ကို တွေ့သွားကြသည်။အနာရွတ်များက သိသိသာသာဖူးရောင်နေပြီး ထုံကျင်ကာ နာကျင်နေသည်။သူတို့သည် မနှောင့်နှေးရဲပဲ ဆေးရုံသို့ လျင်မြန်စွာသွားကြတော့သည်။

ဤသို့သောဖြစ်ရပ်မှား ကမ္ဘာတစ်ဝန်းက နေရာအများအပြားတွင်ဖြစ်ပွားကုန်သည်။အချိန်ကြာသည့်တိုင် Rebirth၏ပြဿနာဖြစ်လိမ့်မည်ဟု သူတို့မတွေးမိကြပေ။ဆေးရုံက ကုသ၍မရဟူ၍ ရလဒ်မထွက်လာခင်အထိဖြစ်သည်။နောက်ဆုံးမှ Rebirthကို သူတို့တွေးမိသွားကြသည်။အမျိုးမျိုးသောအခြေအနေများဖယ်ချန်၍ ဤကဲ့သျု့အခြေအနေက Rebirth၏ဘေးထွက်ဆိုးကျိုးဖြစ်မည်ဟု သူတို့ဆုံးဖြတ်လိုက်ကြသည်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Hikayelerin yaşadığı yer. Şimdi keşfedin