၁၈။ အခန်း (၇) / အခန္း (၇)

423 72 5
                                    

၁၈။ အခန်း (၇)

ထိုမတော်တဆကိစ္စကို တွေးရင်း လင်းစီယမျက်နှာထက်က အပြုံးလေးကို ထိန်းမထားနိုင်တော့ချေ။အိတ်ကို ကောက်လွယ်ပြီး သန့်စင်ထးခန်းမှထွက်ကာ စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။ကားတံခါးဖွင့်ကာ ထိုင်လိုက်သည်။ရှင်းအာသည် မြန်မြန်ရောက်မလာပေ။သူမ အိတ်ထဲမှ ဖုန်းကို ထုတ်ပြီး ထိုအကြောင်းပြန်ပြောင်းတွေးကာ စိုက်ကြည့်ရင်း ရယ်မောလိုက်သည်။

ရှင်းအာ ရောက်လာသောအခါ ရူးနှမ်သောအပြုံးနှင့် လင်းစီယသည် ကားထံတွင် ဖုန်းကိုင်းထားရင်း ထိုင်နေသည်။သူမ ကားတံခါးခေါက်လိုက်သောအခါ လင်းစီယဖုန်း လွတ်ကျသွားသည်။

ရှင်းအာကို ထပ်မြင်ရသောအခါ သူမဖုန်းကို မြန်မြန်ကောက်လိုက်ပြီး ကားမောင်းသူထိုင်ခုံတွင် ရှင်းအာဝင်လာမည်ကို စောင့်လိုက်သည်။သူမ ဖုန်းကို အိတ်ထဲ တိတ်တိတ်လေးဖွက်ပြီး မေးလိုက်သည်။ "မြန်လိုက်တာ?"

"ဒီကနှင့် သိပ်မဝေးလို့" ရှင်းအာ ကားစက်နှိုးလိုက်သည်။ "နင် ဘာတွေကြည့်နေတာလဲ?"

"အိုက်ရား အတင်းအဖျင်းတွေပါ" လင်းစီယ ရှင်းအာကို တိတ်တခိုးကြည့်လိုက်သည်။တစ်ဖက်လူသည် ကားကို စူးစိုက်မောင်းနေပြီး သူမကို မမြင်သလို သက်တောင့်သက်သာ ဖြစ်နေသည်။ "ကားထဲမထိုင်ဘဲ နင့်ကိုစောင့်နေရမှာကို"

ရှင်းအာ သဘောပေါက်လိုက်သည်။ "ဘာဖြစ်ဖြစ်ပါ ငါလာတာနှင့် နင့်ကိုမြင်ရတာ အရမ်းပျော်သွားရတာပဲကို"

နည်းနည်းရူးနှမ်းရာကျတယ်။

"အတင်းအဖျင်းစကားတွေက လူကို ပျော်ရွှင်အောင် မလုပ်နိုင်ဘူးမလား?"

ရှင်းအာသည် ကားမောင်းနေစဥ်တွင် သူမကို ကြည့်မည်မဟုတ်သည်ကို လင်းစိယ သိထားပြီးဖြစ်သည်။သူမ ဖုန်းထုတ်ပြီး သူမကြည့်နေသောနေရာအတိုင်းဖွင့်ကာ ဆက်ကလိလိုက်သည်။ဖုန်းခဏ ကလိပြီးနောက် သူမမျက်လုံးကို ကားပြတင်းပေါက်ဆီ ဝေ့လိုက်ပြီး ပြင်ပကို အကြာကြီးငေးနေလိုက်သည်။သူမ မေးကို ပွတ်သပ်ကာ ပြတင်းပေါက်အပြင်ဘက်က သဘာဝရှူခင်းများကြောင့် မျက်လုံးများက ငြီးငွေ့မနေပေ။သို့သော်လည်း သူမမျက်လုံးအာရုံစိုက်ရာမှူ ထိုနေရာတွင် ရှိနေပုံမရချေ။သူမ၏နှုတ်ခမ်းထောင့်စွန်းဟာ ပိုကွေးတက်လာပြီး သူမ၏မျက်လုံးအိမ်ကလည်း ပိုပိုနူးညံ့လာသည်။တစ်ခုခု တွေးမိသွားပြီး ဟက်ဟက်ပက်ပက်ရယ်မောပစ်သည်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Hikayelerin yaşadığı yer. Şimdi keşfedin