၄။အခန်း-၄ / အခန်း-၎

779 126 9
                                    

၎။ အခန်း-၎

ရှင်းအာကို ဟဲမိန်လီမခြိမ်းခြောက်နိုင်ပေ။ဟဲမိန်လီ အရပ် 175m ဖြစ်နေချိန်တွင် ရှင်းအာမှာ ချောင်ဝေ့ထက် 16mခန့်အနည်းငယ်ပုနေသည်။သူမ ဟဲမိန်လီရှေ့ရပ်သောအခါ တကယ်ကို ပုပုသေးသေးချစ်စဖွယ်လေးဖြစ်နေသည်။

ရှင်းအာသည် သူမလက်ဖဝါးကို ချောင်ဝေ့အားမနေ့ကခေါင်မိုးထိပ်ကကဲ့သို့ ကမ်းပေးလိုက်သည်။ချောင်ဝေ့ကလည်း သူမလက်ကို မတွန်းပယ်လိုက်ပေ။အဆုံးမှာတော့ အထိအတွေ့လေးက နွေးထွေးကာ အေးစက်သောဆောင်းရာသီမှာပင် ချောင်ဝေ့ကို ခပ်နွေးနွေးခံစားချက်ဖြစ်ပေါ်လာစေသည်။ချောင်ဝေ့၏ ပါးမို့မို့လေးသည် အအေးဒဏ်ကိုဆန့်ကျင်၍ ရှင်းအာ၏ကိုယ်ငွေ့နွေးနွေးကြောင့် ပူပြီး နီထွေးလာတော့သည်။

ရှင်းအာသည် ချောင်ဝေ့ကျောင်းဆောင်ထဲသို့ ခေါ်သွားရန် လက်ကိုဆွဲလိုက်သည်။

ဟဲမိန်လီသည် ဒေါသထွက်ကာ သူမတို့ရှေ့လှမ်းလာပြီး သူမတို့မဖြတ်ကျော်နိုင်စေရန် နံရံကို လက်ထောက်လိုက်သည်။ဘယ်သာမန်ပုသေးသေးမိန်းကလေးကိုမဆို ငိုယိုပြီး ကြောက်ရွံ့စေဖို့သူမ၏ရုပ်ဆိုးဆိုးမျက်နှာကို ခက်ထန်ထားလိုက်သည်။

ရှင်းအာသည် မျက်မှန်ကို ပင့်တင်လိုက်ပြီး ခက်ထန်သောအမူအရာဖြင့်ပြောလိုက်သည်။ "ကျောင်းသူအဖော် ဟဲမိန်လီ၊ နင်က ငါ့စာလေ့လာချိန်ကို ကြန့်ကြာစေပြီ"

"ငတုံးမ ဒါကနင့်စောက်ပူလား၊ နင် ဒီကျောင်းမှာ စာကောင်းကောင်းဆက်လေ့လာချင်သေးရင် ဒီနေရာက ထွက်သွားစမ်း"

ယန်ရှင်းမိဘများသည် စောစောကတည်းကသေးဆုံးသွားကြပြီး သူမက မိဘမဲ့တစ်ကောင်ကြွက်ဖြစ်သည်ကို ဟဲမိန်လီသိထားသည်။ဤကျောင်းကို တက်နိုင်ရန် သူမသည် တိုက်ခန်းသေးသေးလေးသာငှားနိုင်ပြီး သူမအဆင့်များကောင်းရန်လိုပေသည်။သူမ၏လူနေမှုအသုံးစရိတ်များသည် သူမကိုယ်တိုင် အချိန်ပိုင်းအလုပ်လုပ်၍ ရရှိလာခြင်းဖြစ်သည်။ဤကဲ့သို့နောက်ခံနှင့်တော်သောကျောင်းသူကို ကျောင်းမှမထုတ်ပစ်ကြလိုချေ။သူမသည် ကံကြမ္မာကိုပြောင်းလဲလိုကြ၍ လေ့လာကြပြီး အနည်းငယ်ကြောက်ရွံ့နေလျှင်ပင် လက်လျှော့ကာ ထွက်သွားပေလိမ့်မည်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Donde viven las historias. Descúbrelo ahora