၃၂။ အခန်း (၅) /အခန္း (၅)

349 40 24
                                    

(အရင်အပိုင်းတွေမှာ ပညာသင်ဆရာဟောင်းလင်းထျန်ဖုကို ဘုရင်ဟောင်း၊ ကွေ့မိဖုရားလင်းရှင်းကို တော်ဝင်အနွယ်တော်ဆိုပြီး ရာထူးတွေမှားရေးခဲ့မိပါတယ်၊ အမှားတွေ အဆင်မပြေဖြစ်စေမှုတွေအတွက် အနူးအညွှတ်တောင်းပန်ပါတယ်၊ အရင်အပိုင်းတွေကို တတ်နိုင်သမျှပြန်လည်ပြင်ဆင်ထပါပြီ၊ အတော်ကလေးလျှမ်းတဲ့ကိုယ်ပါ လာသာဆူဆဲကြပါတော့ TwT)


ဘေးချင်းကပ်အအေးနန်းဆောင်မှ သူမတို့ (၅)


~°~°~°~°~


"ကျွန်မ အဖေ တကယ်ပြန်လာတာလား?"

"ဟဲလျိန်ကျန်းက ဆင့်ခေါ်လို့လား?"

နျင်ကျီချင်သည် ရှင်းအာကို တစ်ပတ်လှည့်ကာ သူမ၏မျက်နှာကတော့ စိတ်မအေးဖြစ်နေသည်။သူမသည် ရှင်းအာ၏လက်ကို မကြာမကြာလွှဲယမ်းနေသေးသည်။ "မိဖုရားလင်း၊ ကျွန်မအဖေ တကယ်မပြန်လာဘူးမလား၊ တစ်ခုခုဖြစ်လို့လား၊ ကျွန်မ အစေခံတွေကို ဘာမှမပြောထားဘူး၊ ဟဲလျိန်ကျန်းက ကျွန်မအဖေကို မခေါ်ဘူးမဟုတ်လားဟင်?"

"မခေါ်ဘူး"

"အင်း ဟုတ်ပြီ" ရှင်းအာ၏သေချာသောစကားလုံးများကို နားထောင်လိုက်ရသောအခါ နျင်ကျီချင်မှာ သက်သာရာရသွားသလိုခံစားလိုက်ရသည်။သူမ ရှင်းအာလက်ကိုလွှတ်လိုက်သောအခါ နှလုံးသားက နောက်တစ်ကြိမ်ခုန်ပေါက်လာ၍ ရှင်းအာကို ခပ်မြန်မြန်ပြန်ဆွဲလိုက်သည်။ "ကွေ့မိဖုရားလင်း ရှင့်ကို ကျွန်မ ခဏလောက်ကိုင်ထားပါရစေနော်၊ ရှင့်ကိုမကိုင်ထားရင် ကျွန်မ ရင်တုန်ပန်းတုန်ဖြစ်နေလို့"

ရှင်းအာ သဘောတူသည်ကိုပင်မစောင့်ဘဲ သူမသည် ရှင်းအာလက်ကိုခပ်မြန်မြန်ဆွဲယူကာ ထိုင်ချစေလိုက်သည်။ရှင်းအာ၏လက်ကိုဆုပ်ကိုင်ထားလျှင် ပူပန်သောကများကင်းဝေးသွားရသည်။ထို့ကြောင့် ရှင်းအာ၏လက်မောင်းကို တင်းကြပ်မြဲမြဲစွာပွေ့ပိုက်ထားတော့သည်။ထို့အပြင် ရှင်းအာပုခုံးပေါ် ခေါင်းမှီကာ မျက်လုံးမှေးကျဥ်းလိုက်ပြီး "ကွေ့မိဖုရားလင်း၊ ဘာလဲဆိုတာသိလားဟင်? နတ်သမီးဆိုတာကိုလေ?"

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now