၂၉။ အခန်း (၂) /အခန္း (၂)

338 38 7
                                    

{အရင်အပိုင်းမှာ ဧကရီဘုရင်မဧကရာဇ်မယ်တော် ဆိုတဲ့နေရာကို အမျိုးသမီးဧကရာဇ်ဆိုပြီး အသုံးလွဲရေးခဲ့မိပါတယ်၊ အမှားအတွက် တောင်းပန်ပါတယ်}

ဘေးချင်းကပ်အအေးနန်းဆောင်မှ သူမတို့  (၂)

~°~°~°~°~

ရေခဲနန်းဆောင်သည် မောင်းမဆောင်များထဲတွင် အခြောက်ကပ်ဆုံးနှင့် ချွတ်ခြုံအကျဆုံးအဆောင်တော်ဖြစ်သည်။ထိုနန်းဆောင်သည် ရေသေကန်ကဲ့သို့ အိုဟောင်းရင့်ရော်လှသည်။ရေခဲနန်းဆောင်တွင် နေထိုင်ရသောအမျိုးသမီးတစ်ယောက်သည် အပြင်သို့ထပ်ထွက်ခွင့်လုံးဝမရှိကြချေ။ရေခဲနန်းဆောင်ထဲနေထိုင်သော က
မောင်းမတော်သည် လအနည်းငယ်လေးအတွင်း လုံးဝပုံမှန်မဟုတ်တော့ချေ။

ကောင်းမွန်အိစက်သော ပိုးထည်များနှင့် လှပသောဘုယောင်ဆံထိုးများမှာလည်း လုံးဝကင်းမဲ့နေသည်။အေးစက်စက်နံရံများနှင့် ရူးနှမ်းသောအမျိုးသမီးတစ်အုပ်သာ ရှိသည်။

အအေးနန်းဆောင်တွင် နျင်ကျီချင်ရောက်သည်မှာ တတိယမြောက်နေ့ရှိခဲ့ပြီ။ပထမနေ့က သူသည် အနိုင်ကျင့်ခံရလုနီးပါးဖြစ်ခဲ့သည်။ဒုတိယနေ့တွင် ဟောင်ရန်၏သေဆုံးမှုကို မျက်မြင်ကြုံလိုက်ရသည်။တတိယမြောက်နေ့တွင်တော့ မျက်စိကလယ်ကလယ်နှင့် ခွေးကတက်တွင်ထိုင်နေရပြီ။အအေးနန်းဆောင်မှ တခစ်ခစ်ရူးနှမ်းစွာရယ်မောကာကိုယ့်ကိုယ်ကိုမင်းသမီးတော်များဟုထင်မှတ်နေကြသည့်အရူးကိုယ်လုပ်တော်များ နှင်းခဲများနှင့်စနောက်ကျီစားဆော့ကစားနေကြသည့် ခြံဝင်းတစ်ဝိုက်ကိုရှုစားနေရသည်။

သူတို့ကို ပိုကြည့်မိလေလေ နှလုံးသားထဲတွင် အကြောက်တရားပြည့်နှက်လာလေလေဖြစ်၍ နှုတ်ခမ်းစူလိုက်မိသည်။ဤအအေးနန်းဆောင်၏အေးစက်မှုကို သူမ မကြောက်ရွံ့ပေ။တစ်ရက်ကျလျှင် သူမ၏စိတ်များကစဥ့်ကလျားဖြစ်လာကာ ဤကိုယ်လုပ်တော်များကဲ့သို့ဖြစ်လာမည်ကိုသာ သူမ ကြောက်သည်။သူမ၏မူလဆန္ဒများနှင့် သွေဖယ်သည့်ကိစ္စများပြုလုပ်မိမည်ကို မလိုလားပေ။ထိုအချိန်ကျလျှင် ယနေ့နျင်ကျီချင်မဟုတ်တော့မည်ကို စိုးထိတ်နေမိပြီ။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now