၁၄။ အခန်း (၃) / အခန္း (၃)

455 80 3
                                    

၁၄။ အခန်း (၃)

သော့ပြင်ဆရာသည် သူ့အလုပ်ကို လျင်လျင်မြန်မြန်လုပ်ကာ တံခါးသော့ကို မိနစ်ပိုင်းအတွင်းဖွင့်ပေးလိုက်သည်။

လင်းစီယသည် တံခါးဘေးတွင် လက်ပိုက်လျက် ဆောင့်ကြောင့်ထိုင်နေ၏။သော့ပြင်ဆရာကို ငွေလွှဲရန် ရှင်းအာဖုန်းထုတ်လိုက်သည်ကို ကြည့်နေရင်း အံ့အားသင့်ကာ မျက်လုံးပြူးသွားတော့သည်။ထိုလူကြီးထွက်သွားသောအခါမှသာ သူမ မတ်တပ်ရပ်လိုက်သည်။ထိုတစ်ခဏတွင် သူမမှာ ပြောစရာစကား မသိတော့ပေ။

"ကျေးဇူးတင်ပါတယ်"

ထိုစကားမှလွဲ၍ မည်သည့်စကားမှပြောစရာ သူမ မသိတော့ပေ။ဒီနေ့ ထိုအမျိုးသမီးက သူမကို အကူအညီများစွာ အမှန်တကယ်ပေးခဲ့၏။သူမ တံခါး၀တွင်မတ်တပ်ရပ်ကာ အမှိုက်ပုံများ၊ အနံ့ဆိုးများနှင့် ဗရုန်းဗရင်းရှုပ်ပွနေသောအခန်းကို အနှံ့ကြည့်လိုက်ရင်း မီးပေါ်တွင်ရပ်မိနေသကဲ့သို့ ပူလာပြီး သူမ၏မျက်နှာလေးသည် နီရဲရှက်မြန်းနေတော့သည်။

"ကျွန်...ကျွန်မ ရှင့်ကို အခန်းထဲမခေါ်တော့ဘူးနော်" လင်းစီယ တစ်ဖက်လူကို တည့်တည့်မကြည့်ရဲတော့ဘဲ တိုးဖျော့ဖျော့လေးသာ ပြောနိုင်သည်။သူမ နှုတ်ခမ်းစူလိုက်ပြီး အခန်းထဲပြေး၀င်သွားကာ ဖုန်းရှာလိုက်ပြီးမှသာ တံခါးဆီပြန်လာလေ၏။ "ကျွန်မ အခုပဲ အကြွေးပြန်ဆပ်လိုက်မယ်လေ "

ရှင်းအာခေါင်းညိတ်လိုက်ပြီး သူမဖုန်းကိုထုတ်ကာ အချင်းချင်းသူငယ်ချင်းဖွဲ့ထားလိုက်ကြတော့သည်။လင်းစီယ သူမ ငွေမည်မျှအကြွေးတင်သည်ကို တွက်ချက်လိုက်၏။တံခါးပြင်ခက ယွမ်တစ်ရာ၊ ဖိနပ်က ဆယ်ယွမ်၊ အငှားကားငှားခက သုံးဆယ်ပေမယ့် သူမက နှစ်ဆပေးမယ်လို့ပြောခဲ့တာကြောင့် ယွမ်ခြောက်ဆယ်၊ ဒါ​ဆိုစုစုပေါင်းက ယွမ်တစ်ရာ့ခုနစ်ဆယ်။သူမ ငွေလွှဲပြောင်းပမာဏနေရာတွင် ယွမ်နှစ်ရာကိုဖြည့်ပြီး ငွေပေးချေမှုအတွက် စကားဝှက်ထည့်လိုက်ပြီးသောအခါ လက်ကျန်ငွေမလုံလောက်ပါသဖြင့် ငွေလွှဲပြောင်းမှုမအောင်မြင်ပါဟူ၍ အကြောင်းကြားစာပေါ်လာသည်။

လင်းစီယ ဘုတ်ခနဲလန့်ထိတ်သွားပြီး နံရံကိုမှီကာရပ်နေသောရှင်းအာကို ဖျတ်ခနဲခိုးကြည့်လိုက်သောအခါ သူမက အကြောင်းကြားစာကိုသတိမထားမိပုံရ၏။ထို့ကြောင့် ငွေတစ်ရာ့ရှစ်ဆယ်လွှဲပြောင်းပေးရန် သူမ သက်သာရာရသွား၏။သူမတွင် ငွေတစ်ရာ့ရှစ်ဆယ်ပင် လုံလုံလောက်လောက်မရှိမည်ကို သူမ မယုံကြည်ပေ။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now