၃၃။ အခန်း (၆) /အခန်း (၆)

494 49 10
                                    

ဘေးချင်းကပ်အအေးနန်းဆောင်မှ သူမတို့ (၆)
~~~~~

ဟဲလျိန်ကျန်းသည်သူ့အပေါ်သစ္စာမရှိသောထိုလူများကိုသေမိန့်ချပြီး လူစားထိုးခန့်အပ်သည်ကို နှစ်တစ်ဝက်စာအချိန်ယူလိုက်ရသည်။

သူသည်နဂါးပုလ္လင်ထက်တွင်ထိုင်နေပြီး အောက်တွင်ဒူးထောက်နေကြသောအမတ်ကြီးများကို ပျော်ရွှင်စွာကြည့်လိုက်သည်။သူ တစ်ချက်ကြည့်ရုံနှင့်တင် အမတ်ကြီးများ၏ခေါင်းထက်တွင် သစ္စာရှိမှုသည် (၅၀) ကျော်နေကြပြီး အများစုမှာ (၆၀) ကျော်နေကြသည်လေ။

သူ့နားတွင်ခစားသောအစေခံများနှင့်ကိုယ်ရံတော်များအားလုံးကိုလည်း သစ္စာရှိမှု (၆၀) ထက်ပိုသောသူများကို အစားထိုးကုန်ပြီးဖြစ်သည်။

[နန်းတော်တစ်ခုလုံးရော ညီလာခံကအားလုံးရော အကုန်လုံး ကိုယ့်တော်ကို သစ္စာရှိရမယ်] ဟဲလျိန်ကျန်းသည် အတော်လေးအားရကျေနပ်နေပြီး systemနှင့်ဆက်သွယ်ပြောဆိုလိုက်သည်။ [နောက်ရက်အနည်းငယ်အတွင်းမှာ ကိုယ်တော် ညီလာခံကို တစ်ကြိမ်ထပ်တက်ဦးမယ်၊ ဆန့်ကျင်ပုန်ကန်မှာတွေကို ကိုယ်တော် မကြောက်တော့ဘူး၊ ငါးရက်တစ်ခါညီလာခံတက်တဲ့အချိန် အမတ်မင်းတို့ရဲ့သစ္စာရှိမှုတိုးလာတာကိုမြင်ချင်တယ်၊ လျော့သွားရင်တော့ ကိုယ်တော့်ကိုသစ္စာမရှိတဲ့သူတို့အပြစ်ပဲ၊ အာဏာပြတဲ့ငါကိုယ်တော်ကို အပြစ်လာမဖို့ကြနဲ့]

"ညီလာခံပိတ်သိမ်းစေ"

ဟဲလျိန်ကျန်းမှာ အသက်ရာကျော်ရှည်လမ်းကြောင်းဆီကျင့်ကြံရဦးမည်ကို သတိရသွားသည်။အဆောတလျင်မလုပ်ရသည်ကို သူမစောင့်ဆိုင်းနိုင်တော့ချေ။သူ၏သစ္စာရှိအမတ်များကို လက်ခါထုတ်ပြလိုက်တော့သည်။

သူ အသက်ရှည်ရှည်နေရသရွေ့ ဤအမတ်များ၏သစ္စာရှိမှုကို ရက်အနည်းငယ်ခြားတစ်ခါ လာရှုစားမည်ဟု သူတွေးလိုက်သည်။ဤလောကက သူ့ကမ္ဘာလောကဖြစ်စေရမည်။သူ့လက်တွင်းတွင်သာရှိရမည်။မည်သူကမှ ယူဆောင်မသွားစေရ။

system၏အခြေအနေမှာတော့ အတော်လေးရှုပ်ထွေးနေသည်။

ဟဲလျိန်ကျန်းက လှည့်စားဖို့ပဲလွယ်ကူလွန်းတား ကိုယ့်ကိုယ်ကိုပဲဘဝင်လေဟပ်လွန်းတာလား?

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Tahanan ng mga kuwento. Tumuklas ngayon