၁၂။ အခန်း (၁) / အခန္း (၁)

745 89 13
                                    

၁၂။ အခန်း (၁)

"အစ်မကြီးယွမ်၊ ခင်ဗျား ရဲအရာရှိကြီးကို တကယ်ကြိတ်ကြွေနေတာ မဟုတ်ဘူးမလား" မေးနေသည့်လူငယ်လေးမှာ ချန်ရိဖြစ်ပြီး ယွမ်ရှင်း၏ မန်နေဂျာတစ်ဦးဖြစ်သည်။အထက်တန်းတွင် သူတို့နှစ်ဦး တွေ့ဆုံကြတာဖြစ်ပြီး ထိုကတည်းက ယွမ်ရှင်းအတွက် အလုပ်လုပ်ပေးတာဖြစ်သည်။

အထက်တန်းကျောင်းမှဘွဲ့ရပြီး နောက်နှစ်၀က်တွင် ယွမ်ရှင်းမိဘများသည် ကားမတော်တဆမှုဖြင့် သေဆုံးသွားကြသောကြောင့် သူမက မိသားစုကုမ္ပဏီကိုလွှဲပြောင်းရယူလိုက်ကာ မိန်းမငယ်လေးအဖြစ်မှ အမျိုးသမီးငယ်အဖြစ် ပြောင်းလဲပစ်ရသည်။အစက ၀ရုန်းသုန်းကားအခြေအနေရှိသော်လည်း နောက်ပိုင်းတွင် တည်ငြိမ်သွားသည်။အိမ်ထောင်ဦးစီးယောကျ်ားသားများကွယ်လွန်သွားကြပြီဖြစ်၍ သူမမှာကျောင်းတွင် ကလေကချေမိန်းမငယ်ဖြစ်လာပြီး ကုမ္ပဏီငွေများဖြင့် လိုက်ဖြေရှင်းသည်။သူမသည် ဝင်ငွေများစွာမရှာနိုင်သော်လည်း ၀န်ထမ်းများကို လစာပေးနိုင်သရွေ့အခက်အခဲမရှိပေ။

ထို့ကြောင့်လည်း ရှင်းအာက ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲပစ်ရန် လျော်ကြေးတောင်းသောအခါ မူလကိုယ်က မငြင်းပယ်ရခြင်းဖြစ်၏။ရှင်းအာ၏ တောင်းဆိုချက်မှာ ကုမ္ပဏီက မည်သည့်၀န်ထမ်းကိုမှ အလုပ်မဖြုတ်ရန်ဖြစ်သည်။အမှန်တကယ်တော့ ဤကုမ္ပဏီတွင် ၀န်ထမ်းမှာ ဆယ်ယောက်၀န်းကျင်သာရှိသည်။

ချန်ရိ၏ကြောက်ကြောက်ရွံ့ရွံ့မေးမြန်းမှုကို ကြားလိုက်သောအခါ ရှင်းအာ စီးကရက်ကိုဖိခြေကာ မီးငြိမ်းလိုက်ပြီး မူလကိုယ်ပြုလုပ်လေ့ရှိသည့်အတိုင်း စီးကရက်တိုကို ချန်ရိဆီ ပစ်ပေးလိုက်သည်။ချန်ရိလည်း နောက်မှ အမှိုက်ပုံးထဲပစ်ရန် ခပ်လှမ်းလှမ်းတွင်ထားလိုက်၏။ပတ်ပတ်လည်တွင် ကင်မရာများစွာ ရှိနေသည်။သူမ ဆေးလိပ်သောက်သည်ကို ရဲအန်ကယ်တွေ့၍ မဖြစ်ပေ။

"မ​ဟုတ်ဘူး"

ရှင်းအာ၏စကားကိုကြားလိုက်သောအခါ သူမလိမ်နေသလားဟူ၍ သူမနောက်လိုက်များက ကြည့်ကြသည်။ငွေရှာဖို့နှင့်အဆင်လေးတွေရှာဖို့ကလွဲရင် ဒီလောက်အကြာကြီးစောင့်နေတာက ဘာအတွက်လဲ?

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now