၂၆။ အခန်း (၁၅~က)
တစ်လအကြာတွင် ဂုဆေးဝါးမှ 'Rebirth´ အမာရွတ်ပျောက်ဆေးကို တရားဝင်ဖြန့်ဖြူးလိုက်ကြသည်။ထုတ်လုပ်ဖြန့်ဖြူးလိုက်သည်နှင့် စောင့်ဆိုင်းနေသောလူများကြောင့် အကုန်စွံထွက်ကုန်သည်။အမာရွတ်ပျောက်ဆေးတစ်ဘူးအတွက်ဂုကသတ်မှတ်သောစျေးနှုန်းသည် ယွမ်၃၀၀၀၀(သုံးသောင်း)ရှိပြီး ပြင်းထန်သောအမာရွတ်များအတွက် အလုံးစုံကောင်းမွန်စေရန် သုံးဘူးခန့် သုံးစွဲရပေမည်။ဂုကုမ္ပဏီက လက်တွေ့ဆေးဝါးသုံးစွဲပြမှုဗီဒီယိုကြောင့် မည်သူကမှ 'Rebirth´ကို သံသယမဝင်ကြပေ။
ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ကံကြောင်းမလှသောလူများရှိသည့် အချို့သောအခြေခံမိသားစုများကတော့ 'Rebirth´ကို စျေးမြင့်မြင့်ဝယ်ယူရန် ဆန္ဒမရှိကြပေ။သူတို့သည် သူတို့မျက်နှာကိုအရင်ဆုံးကုသပြီး ကျဥ်းမြောင်းမှောင်မိုက်သောအိမ်လေးဆီ ဆင်းကာ သာမန်လူများလို ရှင်သန်ရန်ရွေးချယ်ကာ သူတို့နှင့်သင့်လျော်သော အလုပ်ရှာဖွေကြသည်။သူတို့ ခန္ဓာကိုယ်ပေါ်က ကျန်ရှိသောအမာရွတ်များကို ကုသရန် အလုပ်ပြင်းထန်စွာကြိုးစားရလိမ့်မည်။လက်မှိုင်ချကာ ပတ်ဝန်းကျင်ကိုကြောက်ရွံ့နေရသည်က မထိုက်တန်ပေ။သူတို့၏ခန္ဓာကိုယ်ကို ပုံမှန်အဖြစ်ပြောင်းလဲပစ်ဖို့က အရေးကြီးဆုံးဖြစ်နေသည်။
သုံးရက်အတွင်းပင် ဂုကုမ္ပဏီသည် အမှာစာများ တစ်ဟုန်ထိုးတက်သွားပြီး အဓိကဆေးရုံများကလည်း နောက်ပူးပေါင်းမှုတွင် ဂုနှင့်လက်တွဲရန် ရည်စူးနေကြပြီ။အကျိုးလိုသည့်မျက်နှာနှင့်ဆိုလျှင် မည်သူမဆိုဆွဲဆောင်ခံလိုက်ရသည်ပင်။
လူတိုင်း၏မျက်ဝန်းထဲတွင် ဂု၏တိုးတက်လာမှုသည် ဟွမ်ယွမ်နှင့် စိမ်းကားလွန်းနေ၍ မည်သူကမှ ဟွမ်ယွမ်အပေါ် အာရုံမရှိကြတော့ပေ။ဟွမ်ယွမ်သာမက အခြားသောဆေးဝါးကုမ္ပဏီများလည်း အမှာစာများချုံးချုံးကျသွားကုန်သည်။
ထိုကိစ္စရပ်ကြီးကြောင့် ချင်၏မြို့တော်ကြီး ပြိုပျက်သွားမည်လားဟု လူပေါင်းများစွာသိလိုနေကြပြီ။ချင်၏မြို့တော်သာ ကျရှုံးသွားလျှင် ထိုဟာက ဟွမ်ယွမ်ဆေးဝါးအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုဖြစ်လာလိမ့်မည်။ဤတိုက်ပွဲက ဟွမ်ယွမ်ဆေးဝါး၏တိုးတက်နေမှုကို တိုက်ရိုက်ချိုးဖျက်ပစ်လောက်မည်။သို့သော် လဝက်ကြာသည့်တိုင် ချင်မိသားစုသည်တိတ်ဆိတ်နေဆဲဖြစ်ပြီး ဇဝေဇဝါဖြစ်သွားရလောက်သော မည်သည့်သြဇာအာဏာရုပ်သိမ်းမှုပင် မဖြစ်ပေါ်လာပေ။
YOU ARE READING
ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]
Romanceဗီလိန္မေလးကို အလိုလိုက္ထားမယ္ E-Title: Villainess,I'll pamper you Associated Names: 女配,我来宠[快穿] Female Supporting Character, I'll Spoil VIPY Type: Webnovel (CN) Status: 124 chapters(completed) Arc: 10 Worlds Author: 千觅荷 Qian Mi He (Seeking a Thousand...