၁၇။ အခန်း (၆) / အခန္း (၆)

425 70 5
                                    

၁၇။ အခန်း (၆) / အခန္း (၆)

နောက်တစ်နေ့တွင် ဖောက်သည်များရရှိရန် လင်းစီယသည် လီရှောင်ယုနောက်လိုက်သွားသည်။အတိတ်ကနှင့် အလွန်ကွဲပြားနေပြီ။သူမတို့သည် ပြုပြင်ဆောက်လုပ်ထားသော ဆိုင်ငယ်လေးများကို ကိုယ်တိုင်ကိုယ်ကျသွားရသည်။ဆိုင်ရှင်များကို ရှာပြီး တစ်ယောက်ချင်း စကားပြောရသည်။

အတိတ်ကတွင်တော့ စာချုပ်အကြောင်း​ဆွေးနွေးရချိန်တွင် အဆင့်အတန်းမြင့် စားသောက်ဆိုင်တစ်ဆိုင်တွင် အပြီးသတ်လုပ်နိုင်ခဲ့သည်။သူမကြားဖူးသည့်ကုမ္ပဏ်ီများစွာသည် ပူးပေါင်းဆောင်ရွက်မှုတွင် ပြဿနာမရှိခဲ့ကြပေ။သူတို့သည် စျေးနှုန်းဆိုင်ရာသာ ဆွေးနွေးကြတာဖြစ်သည်။

အချို့ဆိုင်ပိုင်ရှင်များသည် အားရစဖွယ်ဖြစ်ကြသည်။သူတို့သည် မနက်ပိုင်းတွင် စာချုပ်ဆိုင်ရာများ ဆွေးနွေးကြပြီး နေ့လည်ပိုင်းတွင်း ကုမ္ပဏီနည်းပညာရှင်များကို ပစ္စည်းကိရိယာတပ်ဆင်ခွင့်ပေးကြပြီး ခဏတွင်းချင်း ငွေပေးချေကြသည်။အခြားသူများက ကြိုက်နှစ်သက်ရာပစ္စည်းကိရိယာ တပ်ဆင်၊ရွေးချယ်ရန် စောင့်ဆိုင်းကြပြီး ငွေပေးချေမှုကလည်း တစ်လနှစ်လမှ ခြောက်လကျော်အထိကြာမြင့်တတ်သည်။

ဆိုင်ငယ်လေးတွင် ထိန်းချုပ်ကိရိယာတပ်ဆင်ခြင်းက တစ်နှစ်စာထိန်းသိမ်းခဒေါ်လာထောင်ကျော်ကုန်ကျမည်။သို့သော် တဖြည်းဖြည်းတိုးပွားလာမည့် ဖောက်သည်အရေအတွက်သည် နှစ်လအတွင်း ဆယ်ဂဏန်းမှ ရာဂဏန်းအထိဖြစ်သည်။အထူးသဖြင့် အောင်မြင်ဖြစ်ထွန်းမည်ကို အာရုံခံမိနေရသည်။

အချို့ပြဿနာသေးသေးလေးများအတွက် လင်းစီယသည် ကိုယ်တိုင်ကိုယ်ကျ ဆက်ဆံဖြေရှင်းပြီး သူမ၏ဖောက်သည်များက သူမကို အမြင်ကောင်းရရှိစေသည်။ဆိုင်ငယ်လေးဖွင့်ထားသည့်သူမ၏သူငယ်ချင်းများကို လင်းစီယက မိတ်ဆက်ပေးသည်။ထိုနည်းများဖြင့် သူမလက်ထဲကဖောက်သည်အရေအတွက်သည် ကြောက်ခမန်းလိလိတိုးပွားလာသည်။

တစ်နှစ်အတွင်း လင်းစီယသည်အရောင်းဌာနက ရှောင်လင်းမဟုတ်တော့ဘဲ မန်နေဂျာလင်း ဖြစ်လာသည်။သူမ၏အရောင်းပမာဏသည် ကုမ္ပဏီတစ်ခုလုံးတွင် ပထမနေရာတွင် ရှိသည်။လီရှောင်ယုသည် ထိုအပေါ် မနာမလိုချေ။ထိုအစား ဘာမှ လျှို့ဝှက်ထားတတ်သည့် လင်းစီယကို ဆွေးနွေးတိုင်ပင်သည်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now