၈။ အခန်း-၈ / အခန္း-၈

701 124 11
                                    

၈။ အခန်း-၈

အထက်တန်းဒုတိယနှစ်ကုန်တွင် သူမ၏ နောက်ဆုံးမှတ်တမ်းကတ်ကိုရရှိသောအခါ အနည်းငယ်စိတ်ရှုပ်သွားသည်။အတန်းထဲတွင် ဆရာမ၏ချီးကျူးမှုပြီးနောက် ကျောင်းဂိတ်ပေါက်ရောက်သည်အထိ ချောင်ဝေ့ အသိစိတ်မကပ်ဘဲ ဖြစ်နေသေးသည်။

သူမအသိစိတ်ပြန်ကပ်ပြီးနောက် သူမပထမဆုံးပြုလုပ်သောအရာမှာ ရှင်းအာ၏လက်မောင်းကို အားဖြင့်ဆွဲပြီး မယုံကြည်နိုင်စွာမေးလိုက်သည်။ "ငါက အတန်းထဲမှာ အဆင့်တစ်လား?"

"ဟုတ်တယ်၊ အဆင့်တစ်" ရှင်းအာပြုံးပြီးပြန်ဖြေလိုက်သည်။သူမ၏အပြုံးရေးရေးက သူမဆံရစ်နှင့် မျက်မှန်အရိပ်အောက်တွင် ပုန်းကွယ်နေသည်။သို့သော်လည်း သူမပြုံးနေသည်ကို ချောင်ဝေ့မှာ ရှင်းရှင်းလင်းလင်းမြင်လိုက်သည်။

ချောင်ဝေ့ သူမနှုတ်ခမ်းထက်က အပြုံးကို ထိန်းမထားနိုင်ဘဲ သက်ပြင်းရှည်တစ်ချက်ရှိုက်မိပြီး ရှင်းအာလက်မောင်းကိုဆွဲဖက်ကာ ရယ်မောလိုက်သည်။ "ယန်ရှင်း၊ ငါက အတန်းထဲမှာ အဆင့်တစ်တဲ့၊ အား!"

"ဟုတ်ပါ့"

"သြ..." 'သူမ ဘာကြောင့်အရမ်းတည်ငြိမ်နေ တာလဲ?´ အဆင့်တစ်ကို လုယူခံရသော်လည်းရှင်းအာ၏နိုးကြားနေမှုကြောင့် ချောင်ဝေ့ပြီးမြောက်သွားဟန်ရှိသောတာ၀န်အတွက် ပျော်ရွှင်နေသည့်ကိစ္စသည် လျော့သွားတော့၏။ "ဟေး၊ ငါက နင့်ကိုကျော်ပြီး အဆင့်တစ်ရပြီ၊ မစ္စယန်ရှင်း အမှန်အတိုင်းလက်ခံလိုက်တော့" 'နင်က အတန်းရဲ့အဆင့်တစ်ဆိုတဲ့ပုံစံမျိုးနှင့် ဆက်ပြုမူနေရတာလဲ?´

ရှင်းအာက သူမ၏မျက်နှာအမူအရာကိုပြင်လိုက်သောအခါ သူမ(ချောင်ဝေ့)သည် ပို၍ပြုံးပျော်လာတော့သည်။ "ဂုဏ်ပြုပါတယ်၊ အတန်းဖော်ချောင်ဝေ့"

'အာ....´ ချောင်ဝေ့ ပုခုံးတွန့်လိုက်ပြီး ရှင်းအာပုခုံးဆီ ဘေးကိုင်းကာ ခေါင်းမှီလိုက်သည်။ "ငါအောင်မြင်သွားတယ်လို့ မခံစားရဘူး၊ အော"

သူမခေါင်းငုံ့ပြီး ကျောင်းမှတ်တမ်းကတ်ကို စေ့စေ့ကြည့်လိုက်သည်။ယန်ရှင်းမှာ တစ်ကျောင်းလုံးတွင် ဒုတိယအတော်ဆုံး အဆင့်နှစ်ဖြစ်သည်။သူမနှင့်ယန်ရှင်း၏အမှတ်ကွာခြားမှုကို သူမသိလိုသည်။သို့သော် သူမသိလိုက်ရသည့်ကိစ္စတစ်ခုလုံးမှာ အနည်းငယ်ဆိုးရွားနေသည်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ