၅။ အခန်း-၅ / အခန္း-၅

760 119 3
                                    

၅။ အခန်း-၅

ယန်ရှင်း နင်ဒီကိုဘာလို့ရောက်လာတာလဲ

လင်းရှောင်အိုက်နှင့်ကျီကျန်းတို့ကို သူမကြည့်လျှင် မပျော်ရွှင်ရမည်ကိုသိသော်လည်း ချောင်ဝေ့ ဒေါသထွက်လုနီးပါးဖြစ်နေသည်။သူတို့၏ PDA(Public Display of Affection)ပြသည်ကို ဖျက်စီးရန်အထိ သူမ ရူးစိတ်ပေါက်လာသည်။
{Note* PDA = Rsစုံတွဲတွေ လူရှေ့သူရှေ့ မြင်မကောင်း ကြည့်မကောင်း ရင်နာချင်စရာကောင်းအောင် roဆန်ပြနေတာကို ဆိုလိုတာပါ}

ရှင်းအာ ချောင်ဝေ့ဆီလှမ်းလာပြီး လက်ထဲမှ နေ့လည်စာကဒ်ကိုဆွဲယူလိုက်သည်။ "နင် နေ့လည်စာစားဖို့လာတာမဟုတ်လား?"

"အာ ဟုတ်တယ်၊ ငါနေ့လည်စာစားဖို့ လာတာ" ချောင်ဝေ့ပြောလိုက်ပြီး ရှင်းအာနားမှာ တီးတိုးပြောလိုက်သေးသည်။ "လင်းရှောင်အိုက်ကို ကြည့်ရတာ စိတါအနှောင့်ယှက်အရမ်းဖြစ်တယ်၊ သူမကို မျက်ရည်ကျတဲ့ထိ အနိုင်ကျင့်ချင်တဲ့စိတ်ကို မထိန်းနိုင်လောက်အောင်ပဲ"

ရှင်းအာသည် ချောင်ဝေ့လက်ကောက်၀တ်ကိုဆွဲကာ တန်းစီနေသောလူတန်းဆီသို့ဆွဲခေါ်သွားသည်။သူမတို့ သူတို့ကို ဖြတ်ကျော်သွားသည်ကို လင်းရှောင်အိုက်နှင့်ကျီကျန်းတို့က စောင့်ကြည့်နေကြသည်။သူတို့ကို လေကဲ့သို့ လုံး၀မရှိသလိုသဘောထားကာ သူမတို့လျစ်လျူရှုလိုက်ကြသည်။

"ကျီကျန်း ငါ နင့်ကိုပြောသားပဲ၊ ချောင်ဝေ့က ငါ့ကိုဘာမှမလုပ်ဘူး" လင်းရှောင်အိုက်သည် ကျီကျန်းလက်မောင်းကို ဆွဲကာ မအားမလပ်ဖြစ်နေသည်။ "သူမကို ဂရုစိုက်မနေနဲ့၊ ဟုတ်ပြီလား?"

အလွန်ကြည့်ကောင်းသောချောင်ဝေ့နှင့်ယန်ရှင်းကို လင်းရှောင်အိုက်ကြည့်ကာ ပင်ကိုယ်စရိုက်လုံး၀ကွဲပြားခြားနားသော လူနှစ်ဦး အတူတကွဖြစ်နေသည်ကို သူမအံ့သြနေမိသည်။ချောင်မိသားစု၏ လက်ရှိဖြစ်ပျက်နေသောအခြေအနေကို တွေးမိသောအခါ ကျီကျန်းကို သူမဆီမှလုယူရန် ချောင်ဝေ့နည်ူဗျူဟာများနောက်ထပ်မသုံးနိုင်တော့ပေ။အဆုံးမှာတော့ သူမ စိုးရိမ်ရန်မလိုတော့ပေ။

"ယန်ရှင်း နားထောင်၊ ငါတကယ်ကို ဘာမှမလုပ်ခဲ့ဘူး၊ သူမကဘာတွေပြောနေတာလဲ? ငါသာတစ်ခုခုလုပ်ခဲ့ရင် ငါ့ကို အလေးထားဖို့တောင် မထိုက်တန်တော့ဘူး"

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now