၇။ အခန်း-၇ / အခန္း-၇

690 129 8
                                    

၇။ အခန်း-၇

ရှင်းအာ ချောင်ဝေ့ကို ဆွဲခေါ်သွားပြီး အစောပိုင်းက သူမဆရာမဆီ အကြောင်းကြားထားသောကြောင့် သူတို့ကို စောင့်ကြည့်ခန်းသို့ တိုက်ရိုက်ခေါ်သွားသောကြောင့် သူမတို့ ဆရာမကိုချက်ချင်းတွေ့ကြလေသည်။အ၀တ်စားလဲခန်းအပြင်ဘက်မှ စောင့်ကြည့်ကင်မရာများကို ရှာ​ကြည့်ကြတော့သည်။

အ၀တ်အစားလဲခန်းသည်တော့ ကျောင်းသူများ၏သီးသန့်အခွင့်အရေးနေရာဖြစ်သောကြောင့် စောင့်ကြည့်ကင်မရာမရှိပေ။

သို့သော် စင်မြင့်မှ အ၀တ်စားလဲခန်းလမ်းတစ်လျှောက် ထောင့်တိုင်းတွင် စောင့်ကြည့်ကင်မရာများတပ်ဆင်ထားသည်။ချောင်ဝေ့သည် အက,ကပြီးသောအခါ အ၀တ်စားလဲခန်းသို့ ပြန်မ၀င်လာခဲ့ပေ။သူမကို ယန်ရှင်းက ဆွဲခေါ်သွားသည်။

"ချောင်ဝေ့ ဒီမတိုင်ခင်က လုပ်ခဲ့တာဖြစ်လောက်တယ်?" လူအချို့က ချောင်ဝေ့သာလျှင် သင်္ကာမကင်းလောက်သည့်လူဟု တွေးနေကြဆဲဖြစ်သည်။ပြပွဲမတိုင်ခင် အခြားလူက သူမအ၀တ်အစားကို သွားမဖွက်ထားခဲ့ဘူးဆိုလျှင် ဒီမတိုင်ခင်အချိန်ကရော?

တိုတိုပြောရလျှင် ချောင်ဝေ့ ဤကိစ္စအတွက်တစ်ခုခုလုပ်ခဲ့သည်ဟု သူတို့ တွေးနေကြသည်။

ချောင်ဝေ့ ဒေါသချောင်းချောင်းထွက်နေသည်။ဘာကြောင့် ဒီလူတွေက သူမကို ဘာကြောင့်အကောင်းမမြင်နိုင်ရတာလဲဆိုသည်ကို သူမနားမလည်နိုင်ပေ။သူမ အော်ဟစ်ပစ်ချင်သော်လည်း ရှင်းအာမှ သူမကို ဆွဲခေါ်သွား​သောကြောင့် သူမဆိတ်ဆိတ်သာနေလိုက်ရသည်....

"ဆရာမ၊ ကျွန်မလုပ်လိုက်မယ်"

သူမ ပြောလိုက်သောအခါ ဆရာမသည် ကွန်ပျူတာမောက်စ်(mouse)ကို ချကာ သူမနေရာကို ရှင်အာအတွက် ထဖယ်ပေးလိုက်သည်။ရှင်းအာသည် စောင့်ကြည့်ကင်မရာမှ အဓိကနေရာများကို စုစည်းကား ဓာတ်ပုံများကို ပြသလိုက်သည်။ကပွဲမတိုင်မှီနှင့်ပြီးပြီးနောက် အ၀တ်စားလဲခန်းသို့ချောင်ဝေ့၏အ၀င်အထွက်များကို ပုံရိပ်များကို ပြလိုက်ပြီး သူမအ၀င်အထွက်တွင် သူမလက်ထဲဘာမှမပါသွားသည်ကို တွေ့လိုက်ရသည်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now