၉။အခန်း (၉) / အခန္း (၉)

750 118 19
                                    

၉။ အခန်း-၉

ချောင်ဝေ့ စာမေးမွဲခန်းထဲက ပေါ့ပါးသောခြေလှမ်းဖြင့်ထွက်လာစဥ် ကျောင်းမှ စောင့်ဆိုင်းနေကြသောလူများသည် သူမဆီ ​ခပ်သွက်သွက်ဖြင့် အပြေးလှမ်းလာကြသည်။လောလောဆယ် သူမသည် မတွေးထင်ထားမိသည်အထိ လူသိများနေပေပြီ။အပြင်ရောက်လာသည်နှင့် အင်တာဗျူးအတွက် သူမ ရပ်ပေးရသည်။သူမကိုစောင့်ဆိုင်းနေသောသူများကို ပုခုံးတွန့်ပြကာ အတင်းပြုံးထားပြီး မေးခွန်းများကို တိုရှင်းလိုရှင်းဖြေကြားလိုက်သည်။

မေးခွန်းဖြေကြားစဥ်တစ်လျှောက်လုံး သူမသည် ခပ်လှမ်းလှမ်းတွင် ရှိနေသောသူမကိုသာ ကြည့်နေမိသည်။

ယခုစာမေးပွဲတွင် ထိပ်ဆုံးအဆင့်ရရန် ယုံကြည်ချက်ရှိသလားဟု သူမကိုမေးလာသောအခါ ချောင်ဝေ့ တွေးတောစရာမလိုဘဲ ချက်ချင်းဖြေလိုက်သည်။ "မရှိဘူး" သူမထိပ်ဆုံးကျောင်းသူဖြစ်နေရခြင်းမှာ ရှင်းအာက သူမကိုဖြစ်ခွင့်ပေးသောကြောင့်သာ ဖြစ်၏။

မေးခွန်းမေးနေသောသတင်းထောက်များအပြင် ပရိသတ်များသည် သူတို့မျှော်လင့်ထားသည်နှင့်ကွဲပြားသောအဖြေကြောင့် ကြက်သေသေသွားကြ၏။အတန်းဖော်ချောင်ဝေ့က ဘယ်လောက်နှိမ့်ချတတ်ပြီ သိတတ်နေလိုက်လဲ?

ချောင်ဝေ့ နောက်ထပ်မေးခွန်းများကို မေးခွင့်မပေးတော့ဘဲ လူအုပ်ကြီးကို ကျောခိုင်းကာ ရှင်းအာဆီ လှစ်ခနဲပြေးသွားပြီး လက်ကိုဆွဲကိုင်ကာ ဘတ်စ်ကားမှတ်တိုင်ဆီ ခေါ်ပြေးတော့သည်။

"သူတို့က ငါ့ကို ပထမနေရာရဖို့ ယုံကြည်ချက်ရှိလားလို့မေးကြတာ" သူမတို့နှစ်ယောက်သည် လူကြပ်သိပ်သောဘတ်စ်ကားမှတ်တိုင်တွင်ရပ်နေကြပြီး ချောင်ဝေ့က ရှင်းအာလက်ကို လွှတ်မချဘဲ ဆုပ်ကိုင်ထားသောကြောင့် သူမ၏မေးဖျားလေးက ရှင်းအာမျက်နှာနှင့်လုံး၀နီးကပ်နေသည်။

"ဒါဆို နင်ကဘာဖြေလိုက်လဲ?" ရှင်းအာက မေးလိုက်၏။

"နင်မှန်းကြည့်...." ပြုံးလိုက်သောကြောင့် ချောင်ဝေ့၏မျက်လုံးတို့ မှေးသွားလေ၏။ " ငါ့အဖြေဘာလဲလို့မှန်းကြည့်ပါဆို"

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now