၂၀။ အခန်း (၉) / အခန္း (၉)

419 70 5
                                    

၂၀။ အခန်း (၉)

များစွာသောကွင်းဆင်းမှုနှင့် အစည်းအဝေးများပြီးနောက် ဟွမ်ယွမ်ကုမ္ပဏီအဖွဲ့သားများသည် ရှင်းအာ၏အစီအစဥ်များထဲက လက်တွေ့အကျဆုံး၊ အပြည့်စုံဆုံးကို ရွေးချယ်ကြသည်။ကုမ္ပဏီတစ်ခုလုံး၏အဖွဲ့သားများသည် စတင်အလုပ်ရှုပ်ကြတော့သည်။

ကုမ္ပဏီခွဲနှင့် အဖွဲ့သားအားလုံးကို ထူးချွန်စွာလုပ်ပြနိုင်စွမ်းရှိသောလင်းစီယက တာဝန်ယူရသည်။လွန်ခဲ့သည့်နှစ်အတွင်းက လင်းစီယ၏ လုပ်ဆောင်ချက်များသည် ကုမ္ပဏီမှ ဘယ်အဖွဲ့သားကိုမဆို ဆွံ့အပြီး လေးစားအားကျသွားစေသည်။

"လက်ရှိမှာ လူအင်အားက လုံးဝမလုံလောက်ဘူး၊ လူသစ်တွေ ခန့်အပ်ဖို့လိုနေတယ်၊ လူသစ်တွေမခန့်ခင်မှာ ကုမ္ပဏီဝန်ထမ်းတွေကို သူတို့ရဲ့ကိုယ်ရေးစွမ်းရည်တွေ တိုးတက်ဖို့ စီမံခန့်ခွဲသင့်တယ်" အစည်းအဝေး၌ လင်းစီယ တင်ပြသည်။

လူတိုင်းသည် အချင်းချင်းကြည့်ကြသည်။လီရှောင်ယုက ပထမသဘောတူသည်။ "ဖြစ်မြောက်မယ်လို့ ကျွန်မထင်တယ်" ကုမ္ပဏီက ပိုကြီးလာတာနှင့် ဝန်ထမ်းများ ပိုလိုအပ်လာသည်။တစ်ကိုယ်ကောင်းဆန်သောအကြောင်းပြချက်များကြောင့် ကုမ္ပဏီအဖွဲ့သားဟောင်းများသည် လက်ရှိရာထူးကို ဆက်ထိန်းထားနိုင်ရန် သူမ မျှော်လင့်ထားသည်။ဝန်ထမ်းသစ်များ၏ ပေါ်ထွက်စအင်အားက ပိုသာနေခဲ့လျှင် ဝန်ထမ်းဟောင်းများ၏ယုံကြည်ချက်ကို မလွဲဧကန်ရိုက်ချကာ ချက်ချင်းချိုးဖျက်ရန်လွယ်ကူလိမ့်မည်။ပြဿနာများတွင် ဝန်ထမ်းသစ်များက ဖယ်ချန်ထားခံရမှုများပါ ဖြစ်ပွားလာလိမ့်မည်။

ဝန်ထမ်းဟောင်းများ၏စွမ်းရည်တိုးတက်မှုက အချိန်တိုတွင်း ထိုပြဿနာများကို ဖယ်ရှားပေးလိမ့်မည်။ဝန်ထမ်းသစ်များနှင့် ရုတ်တရက်နှိုင်းယှဥ်ခံရမှုများ ဖြစ်မလာနိုင်တော့ပေ။ထိုအချက်များအပြင် ဝန်ထမ်းအားလုံး၏ကိုယ်ရေးစွမ်းရည်များ တိုးတက်လာခြင်းသည် ကုမ္ပဏီအတွက် ကောင်းမွန်သောအရာပေ။

ထိုအချက်ကြောင့် လီရှောင်ယု အတော်လေးသဘောကျတာဖြစ်သည်။လင်းစီယ၏ကုမ္ပဏ်ီရောက်သည့်ပထမလတွင် အခြားလူက သူမကို ဆွဲခေါ်ရသည်။ဒုတိယလတွင်တော့ လင်းစီယက သူမကို ဆွဲခေါ်လုနီးပါးဖြစ်လာခဲ့သည်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now