၆။ အခန်း-၆ / အခန္း-၆

709 124 9
                                    

၆။ အခန်း-၆

"လုပ်တဲ့သူက ချောင်ဝေ့ပဲဟုတ်မှာ၊ သူမက ရှောင်အိုက်ကို လုံး၀မနှစ်သက်ဘူး"

"ဒီနေ့ ရှောင်အိုက် ကပြရမယ်ဆိုတာကိုသူမသိတယ်၊ ဒါကြောင့် သူမ အက၀တ်စုံကို ရည်ရွယ်ချက်ရှိရှိ ခိုးယူသွားပြီး ဖွက်ထားတာဟုတ်လောက်တယ်"

"ဟုတ်တယ်၊ သူမကလွဲပြီး အခြားနှောင့်ယှက်မယ့်သူကို ငါမတွေးမိဘူး"

လူစုကြီးသည် ချောင်ဝေ့လုပ်သည်ဟု ထင်မြင်သွားကြကာ မခံမရပ်နိုင်ဖြစ်လာကြသည်။တစ်ယောက်က လင်းရှောင်အိုက်ကို ဆွဲပြီး ပြောလိုက်သည်။ "ငါတို့ ဆရာမကိုသွားရှာပြီး ဒီကိစ္စကို တိုင်ပြောကြမယ်၊ အက၀တ်စုံခိုးသွားတဲ့ စက်ဆုပ်စရာသူခိုးမငါတို့ကျောင်းမှာရှိတယ်ဆိုပြီး ငါတို့ ချောင်ဝေ့ကို သင်ခန်းစာပေးပစ်ကြမယ်၊ သူမက အရမ်း အရှက်မဲ့လွန်းတယ်"

လင်းရှောင်အိုက် သူမလက်ဆွဲလိုက်သောတစ်ယောက်ကို တိုးဖျော့သောကလိကလိဖြစ်ဖွယ်အသံဖြင့်ပြောလိုက်သည်။ "ငါတို့ သူမဆီသွားလို့အ၀တ်အစားရတယ်ဆိုရင်တောင် ငါတို့ရဲ့အကကပြရမယ့်အချိန်လွတ်သွားလိမ့်မယ်၊ သူငယ်ချင်းတို့က ဘာလို့ စင်ပေါ်မှာသွားမကပြကြရမှာလဲ? ငါတို့ရဲ့ ကျေးလက်ရိုးရာအက,ကလူစုနှင့်ကပြရတာပဲ၊ ငါတစ်ယောက်ပဲလွတ်သွားရင်တောင် အဆင်ပြေနေသေးတာပဲကို၊ အနည်းဆုံးတော့ မပြည့်စုံတာလောက်ပဲဖြစ်မှာပါ၊ အရှက်ရသွားတာထက်တော့ ခံသာပါသေးတယ်"

"ရှောင်အိုက် နင်ကအရမ်းကြင်နာတတ်တာပဲ၊ လူတိုင်းအတွက် တွေးပေးတတ်လွန်းတယ်"

လူစုကြီးက စင်ပေါ်ကပြဖျော်ဖြေမှုကို မလွဲချော်လိုကြပေ။သူတို့ကို ဒုက္ခရောက်စေလို့ ချောင်ဝေ့ကို သွားအော်ဟစ်သောင်းကြမ်းကြတော့မလို့။ခုတော့ ကပြပွဲ​အကြောင်းတွေးပြီးစိတ်လျှော့နေကြပြီ။အဆုံးမှာတော့ ရှောင်အိုက်၏အက၀တ်စုံမှာ ပျောက်ဆုံးသွားပြီ။ဒါကြောင့် ချောင်ဝေ့က ၀တ်စုံပြန်မပေးဘူးဆိုလျှင် သူတို့ အချိန်ဆက်ဆွဲထားရမည်မဟုတ်လား?

"ရှောင်အိုက်!"

ကျီကျန်း တုံ့ပြန်မှုကိုမစောင့်ဘဲ လင်းရှောင်အိုက်ဆီ သွားကာ သူမ၏နီမြန်းသောမျက်၀န်းအိမ်ကို သုတ်ပေးကာ ပွေ့ဖက်လိုက်သည်။ "နင့်အက၀တ်စုံကို တစ်ယောက်ယောက်ကခိုးယူပေးတယ်လို့ ကြားတယ်"

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now