၂၅။ အခန်း (၁၄~က) /အခန္း (၁၄~က)

416 62 9
                                    

၂၅။ အခန်း (၁၄~က)

"ကြီးကြပ်ရေးမှူးကျန့် ရှင့်ကိုကြည့်ရတာ ဖြူဖျော့နေတာပဲ၊ နေမကောင်းဘူးလား?"

"မဟုတ်ဘူး ဘာမှမဖြစ်ဘူး"

သူမကိုပူပန်ပေးသောလုပ်ဖော်ကိုင်ဖက်ကို ကျန့်ပိုင်ပြုံးပြပြီး သူမ၏ ကိုယ်ပိုင်အလုပ်စားပွဲခန်းလေးဆီသွားကာ ကွန်ပျူတာရှေ့ထိုင်၍ ငြိမ်ဆိမ်သွားသည်။သူမသည် ခေါင်းမော့ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်သည်။သူမ၏လုပ်ဖော်ကိုင်ဖက်များက အလုပ်ကြိုးစားနေကြသည်။မည်သူတစ်ဦးတစ်ယောက်မှ အချောင်ခို၊ အားယားမနေကြပေ။ဟွမ်ယွမ်၏ပတ်ဝန်းကျင်လေထုက အမြဲကောင်းမွန်နေတာဖြစ်သည်။ဟွမ်ယွမ်တွင်နေရသည်က အခြားကုမ္ပဏီတွင်နေရသည်ထက် ပိုအဆင်ပြေသည်။ဝန်ထမ်းများက အလုပ်ကြိုးစားကြသည်...

သူမသည်လည်း ဝန်ထမ်းဟောင်းတွင်ပါဝင်၍ ဟွမ်ယွမ်က သူမကို အမြဲကောင်းကောင်းမွန်မွန်ဆက်ဆံပေးသည်။

နေ့လည်ခင်းတွင် အလုပ်က လင်းစီယသည် အနွေးထမင်းဘူးကိုင်လျက် ဟွမ်ယွမ်ဌာနချုပ်ဆီရောက်လာပြန်သည်။ဓာတ်လှေကားက ဖောက်သည်ဌာနကိုဖြတ်လုနီးပါးတွင် ကျန့်ပိုင်သည် မနေ့က လျင်မြန်စွာဝင်လာပြီး မြေညီထပ်အလွှာဆီခလုတ်ကို နှိပ်လိုက်သည်ကို သူမ မှတ်မိသွားသည်။

ဖောက်သည်ဝန်ဆောင်မှုပေးဌာနကို ဝင်လာသောအခါ သူမဝင်လာသည်ကိုမြင်၍လူများသည် မတ်တပ်ရပ်ကာ မျက်နှာချိုသွေးကြသည်။ "မန်နေဂျာလင်း၊ ဒီကိုဘာလို့ရောက်လာတာလဲ?"

"ကျွန်မ ယွမ်သူဌေးကို ထမင်းလာပို့ပေးတာ" လင်းစီယသည် တောက်ပစွာပြုံးလိုက်သည်။သူမသည် ရှင်းအာရှေ့တွင် တိုက်ရိုက်မပြသရဲသော်လည်း အခြားသူများရှေ့တွင်တော့ ရှင်းအာအပေါ်စိုးရိမ်မှုကို ဘယ်တော့မှ မဖုံးဝှက်ထားပေ။ "တစ်ခုခုဖြစ်ပျက်တာကို သတိရသွားလို့လေ ဖောက်သည်ဝန်ဆောင်မှုပေးဌာနဆီရောက်လာတာ၊ ဒါရိုက်တာကျန့်ကို မြင်မိကြသေးလား?"

လင်းစီယသည် ကျန့်ပိုင်စားပွဲကို တစ်ချက်ကြည့်လိုက်သော်လည်း မတွေ့ပေ။ပုံမှန်ဆိုလျှင် ဤအချိန်တွင် ကျန့်ပိုင်သည် ကုမ္ပဏီတွင် နေ့လည်စာစားနေတာဖြစ်သည်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now