၂၇။ အခန်း (၁၆~ခ) /အခန္း (၁၆~ခ)

664 58 9
                                    

၂၇။ အခန်း (၁၆~ခ)

"သူ ငါ့ကို ဆွဲယမ်းပြီး လည်ပင်းပါညှစ်သေးတယ်" လင်းစီယသည် ကော်လံကိုဆွဲဖွင့်ကာ လင်ချောင်းရာထင်နေသည့် နီညိုရောင်အမှတ်ကြီးကိုလည်းပြလိုက်ပြီး ဆောင့်ဆောင့်အောင့်အောင့်ပြောလေသည်။ "ဒါတွေတင်မကသေးဘူး ငါ့ဆံပင်ကိုလည်း ဆွဲပြီး နံရံဆီပါ ပစ်ဆောင့်လိုက်သေးတာ"

သူမနဖူးကို ကွယ်ကျနေသောဆံပင်များကို ပင့်မလိုက်သည်။လုပ်ထားသည့်အတိုင်း နဖူးတွင် ပြဲရောင်နေသော ဒဏ်ရာကြီးရှိနေသည်။သူမသည် ရှင်းအာ၏လက်ကို ကိုင်ဆွဲပြီး အလွန်အကြူးပြောလေသည်။ "သူက ရက်စက်ယုတ်မာလွန်းတယ်၊ ရှင်းအာ သူ့ကိုရိုက်ပစ်လိုက်"

"ကောင်းပြီ" ရှင်းအာသည် ပြန်ဖြေလိုက်ပြီး သူရုန်းလာသည့်အခါ သူ့မျက်နှာကို ပြင်းထန်စွာ အချက်ပေါင်းများစွာ ရိုက်ပစ်လိုက်သည်။မူစန် လည်း တဝူးဝူးငိုနေပြီး ရှင်းအာရပ်လိုက်သောအခါ သူ့မျက်နှာသည် ရောင်ကိုင်းနေတော့သည်။

ထို့နောက် ရှင်းအာသည် သူ့ဆံပင်ကို ဆွဲဆောင့်ကာ ဦးခေါင်းကိုလည်း နံရံဆီ ကြမ်းတမ်းစွာပစ်ဆောင့်လိုက်သည်။မူစန်မှာ မျက်ဖြူလန်ကာ သူ့အစာအိမ်မှာ ပြောင်းပြန်သကာလှန်သကဲ့သို့ သတိမေ့လုနီးပါးအထိ အော့အန်နေတော့သည်။နောက်ဆုံးအနေနှင့် ရှင်းအာသည် မူစန်၏အင်္ကျီကော်လံကို လှမ်းဆွဲပြီး သူ့ခေါင်းကို လင်းစီယဆီ လှည့်စေကာ နူးညံ့သည့် မတူကွဲပြားသောအပြုံးလေးနှင့် "စီယလည်း ဆွဲဆောင့်ပစ်လိုက် ဟုတ်ပြီလား"

"အင်း သူက ငါ့ကိုလည်းဆောင့်ဆွဲတယ်၊ အဲဒါကတကယ်ကို မခံနိုင်လောက်အောင် နာတာ" ထိုအချိန်တုန်းက လှုပ်ရှားမှုများကို သူမသည်းခံခဲ့သည်။ယခုမှ သူမ မအောင့်အည်းနိုင်ရတော့တာကို နားမလည်တော့ဘူး၊ သူမ အရမ်းကိုအသက် ဆက်ရှင်ချင်လွန်းလို့လည်း ဖြစ်မှာပါ၊ ရှင်းအာရဲ့သဘောရိုးနှင့် အားပေးတာကိုလိုချင်တာလည်း ဟုတ်မှာပေါ့။

ရှင်းအာသည် သူမ၏ထက်ရှသောအကြည့်ကို မူစန်ဆီဖျတ်ခနဲကြည့်လိုက်သည်။ထိုအကြည့်က မကောင်းသည်ကို မူစန်အား မသိစိတ်ထဲက ခံစားမိသွားစေသည်။ရှင်းအာသည် သူ့အင်္ကျီကော်လံမှ ဆွဲကာ မပစ်လိုက်သည်။လည်ပင်းကျိုးသွားပြီဟုထင်မိသည်အထိ မူစန်နာကျင်သွားသည်။သူ လွှတ်မြောက်ရန် ရုန်းကန်လိုက်သော်လည်း ရှင်းအာက သူ့ကိုမလွှတ်သည့်အပြင် သစ်သားအိမ်တဲကို ဆယ်ကြိမ်မက ပတ်ဆွဲပစ်သေးသည်။သူမျက်ဖြူမလှန်မချင်း တဲထဲပြန်မပစ်ထည့်ဘဲ အစာအိမ်နာကျင်သည်အထိ ကန်ကျောက်ပြီးမှ သူ့ကို သက်သာခွင့်ပေးလေသည်။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now