31

6.3K 408 7
                                    

Uni

မာန ဝန်းရံကို ကုတင်ပေါ်ကနေ မချီလာကာ ထမင်းစား စားပွဲခုံရှေ့ ချပေးလိုက်သည်

ခုနက ခြေထောက်နာလို့ ငိုမဲ့မဲ့ဖြစ်နေသော အကောင်ပေါက်လေးက စားပွဲပေါ်က ဟင်းတွေကို မြင်သောအခါ ချက်ခြင်း မျက်လုံးလေးတွေ လင်းလက်သွားသည်

မာန ဒီကလေးပေါက်စကို မချစ်ပဲနဲ့ကို မနေနိုင်တော့ပါ ကြည့်ရင်းကြည့်ရင်း အသဲယားလာတာမလို့ နှာခေါင်းလုံးလုံးလေးကို ဆွဲညစ်လိုက်သည်

'ဟွန့်...'

ဝန်းရံက ဟွန့်ခနဲ နှာရှုံ့ကာ မျက်စောင်းထိုးလာသည်

ဝန်းရံရဲ့ ထိုမျက်စောင်းထိုးတာလေးကအစ မာန ချစ်ပါသည်

'လာ ပူတုန်းလေး စားလိုက်ရအောင်'

မာန ပါးစပ်ကလဲပြောရင်း လက်ကလဲ ရှိသမျှဟင်းတွေအကုန် ဝန်းရံပန်းကန်ထဲ ထည့်ပေးနေမိသည်

ဝန်းရံကလဲ ပန်းကန်ထဲ ရောက်လာသမျှ ဟင်းတွေကို မငြင်းပဲ အကုန်စားပစ်လိုက်သည်

စားသောက်ပြီးသွားသောအခါ သူ ထိုင်ရာကနေတောင် မထနိုင်တော့

မာနက ဝန်းရံကိုကြည့်ကာ တစ်ချက်ပြုံးလိုက်ပြီး မချီလိုက်သည်

ကိုယ်တိုင်ကလဲ လမ်းသိပ်မလျှောက်နိုင်တာမလို့ ဝန်းရံလဲ ငြင်းမနေတော့ပဲ အလိုက်သင့်ပဲ နေလိုက်တော့သည်

မာနက ဝန်းရံကို ရင်ခွင်ထဲထည့်ကာ ဧည့်ခန်းထဲက ဆိုဖာခုံပေါ်ထိုင်ပြီး တီဗီဖွင့်ကြည့်လိုက်သည်

ခဏလောက်ကြာသောအခါ မာနရဲ့ လက်ကိုင်ဖုန်းက မြည်လာခဲ့သည်

ဖုန်းမြည်သံကြောင့် မာန ရင်ခွင်ထဲမှာ အိပ်ပျော်ခါနီး ဖြစ်နေသော ဝန်းရံက လန့်နိုးလာသည်

မာန ဝန်းရံကို ပြန်ချော့သိပ်ချင်သော်လဲ နိုးသွားပြီမလို့ ဖုန်းကိုပဲ ယူကြည့်လိုက်သည်

ဖုန်းနာပါတ်က သူမသိသော နာပါတ်တစ်ခု ဖြစ်နေသည်

မာန ဝန်းရံကို ကြည့်လိုက်တော့ ဝန်းရံက မျက်လုံးဝိုင်းဝိုင်းလေးနှင့် သူ့ကို စိုက်ကြည့်နေသည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now