Part-11

17.6K 1.4K 50
                                    

Zawgyi

မုန်းမာန်ပြည့်ရဲ့ အဖေ ဦးမုန်းခန့်ထည်က မာနတို့နှင့် စီးပွားရေးပြိုင်ဖက်ဖြစ်သည်

ဦးမုန်းခန့်ထည်တွင် တရားဝင်လုပ်ငန်းများ ရှိသလို တရားမဝင်သည့် မှောင်ခိုလုပ်ငန်းများလဲ အများအပြား ရှိလေသည်

'ဒါက ဦးမုန်းခန့်ထည်ရဲ့ လုပ်ငန်းတွေအကြောင်းကို ကျွန်တော် စုံစမ်းရသလောက် ဖိုင်လုပ်ထားတာပါ'

အတွင်း​ရေးမှူးလေးက သူ့လက်ထဲတွင်ကိုင်လာသော ဖိုင်အချို့ကို မာနရှေ့က စားပွဲပေါ်သို့ ချပေးလေသည်

'ကောင်းပြီ မင်းသွားလို့ရပြီ'

မာန ထိုဖိုင်တွေကို ကောက်ယူပြီး ကားသော့ဆွဲကာ အိမ်သို့ပြန်လာလိုက်သည်

ရုံးဆင်းချိန် မရောက်သေးသော်လဲ ဒီနေ့က ဝန်းရံ ကျောင်းပိတ်ရက်မလို့ ဝန်းရံ အိမ်မှာရှိနေမှာ သေချာပါသည်

ရုံးက အတွင်းရေမှူးလေးကတော့ မာနကို နားမလည်သလိုသာ လိုက်ကြည့်နေလေသည်

မာနမရှိလျှင် ရုံးရဲ့ကိစ္စအဝဝက သူ့တာဝန်ပဲဖြစ်သည်

မာနဆိုတာ အရင်က သူ့ရုံးနှင့်ဒယ်ဒီကသာ အရာရာဟု တွေးထားသူဖြစ်သည်

သူပွေရှုပ်သမျှ ကောင်မလေးတွေကိုတောင် အချိန်ပေးတက်သူမဟုတ်

ခုတွင်မူ သူ့အတွက် ဝန်းရံကသာ အရေးအကြီးဆုံး ဖြစ်လာခဲ့သည်

ဒါဟာ သူ့ဒယ်ဒီအတွက် သူလုပ်သင့်တဲ့အရာလို့သာ စိတ်ထဲ အကြိမ်ကြိမ်သတိပေးနေသော်လဲ တကယ့်အမှန်တရားကိုမူ လက်ခံရန် ခက်ခဲနေပါသေးသည်

သူဆိုတာ အချောအလှဆုံး စာရင်းဝင် ကောင်မလေးတွေရဲ့ နှလုံးသားကို အကြိမ်ကြိမ် ခိုးယူဖူးသူ

သူ့စိတ်ကို သူသိသည် သူကလုံးဝအဖြောင့် သို့သော် ဝန်းရံကိုတွေ့လျှင် သူရင်ခုန်သည် စိတ်လှုပ်ရှားသည်

ကောင်မလေးတစ်ယောက်ကိုတွေ့လျှင် ချောတယ်လှတယ်ဟူ၍သာ ကြိုက်ခဲ့ဖူးသည်

ရင်ခုန်သလား မသိသော်လဲ သူ့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်သူတော့မရှိ

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now