23

12.7K 1K 48
                                    

Uni

မာန နွားနို့တစ်ခွက်ဖျော်ကာ ဝန်းရံအခန်းထဲ ယူလာပေးလိုက်သည်

ဝန်းရံက အခန်းထဲမှာ အရုပ်တွေအများကြီးကို နေရာလိုက်ချနေသည်

စနိုးကလဲ ဝန်းရံအနောက် တစ်ကောက်ကောက် ပြေးလိုက်နေသည်

'ပျော်လား'

မာန ဝန်းရံကိုကြည့်ပြီး မေးလိုက်သည်

'အင်း အရုပ်တွေ အများကြီးပဲ'

ဝန်းရံက မာနကို လှည့်မကြည့်ပဲ ပြန်ဖြေကာ အထုတ်ထဲက အရုပ်တွေကို တစ်ခုပြီးတစ်ခု ဆွဲထုတ်နေသည်

စနိုးကလဲ ဝန်းရံအနားက အရုပ်တွေကြားထဲ ခုန်ဆွခုန်ဆွ ပြေးနေသည်

မာန နွားနို့ခွက်ကို ခုံပေါ်တင်ပေးခဲ့ပြီး အောက်ထပ်က မီးဖိုခန်းထဲပြန်လာခဲ့သည်

မီးဖိုချောင်ထဲမှာ ရတုက စားပွဲခုံဘက် ကျောကပ်နေပြီး လက်တွေကမာန့်ရင်ဘက်ကို တွန်းထားသည်

မာန့်ကလဲ ရတုလက်တွေကို ကိုင်ထားကာ ဘာပြောနေလဲမသိ

'အဟမ်း'

မာန အသံပေးလိုက်ကာမှ နှစ်ယောက်လုံး ပြန်ခွာသွားကြသည်

ရတု မျက်နှာတစ်ခုလုံး ရဲတက်လာကာလက်ထဲပါလာသမျှ ပစ္စည်းတွေအကုန် လျှောက်ဆွဲနေမိသည်

မာန်ကတော့ တောင်​ကြည့်မြောက်ကြည့်လုပ်ကာ ခေါင်းကုတ်လိုက်သည်

'ကဲ မနက်ဖြန်အတွက် အစီအစဉ်လေး လုပ်ရအောင်'

'အာ ဟုတ်သားပဲ ကျွန်တော် မေ့တော့မလို့'

မာနပြောတာကို မာန်ကပါ လိုက်ပြောလိုက်သည်

'ဘာကိုလဲ'

ရတုက ဘာမှမသိတဲ့သူမို့ နှစ်ယောက်လုံးကိုကြည့်ကာ မေးလိုက်သည်

'မနက်ဖြန် ဝန်းရံမွေးနေ့လေ'

မာနက ရတုကို ပြောပြလိုက်သည်

'မောင် ဘာလိုချင်လဲ'

'မွေးနေ့က ဝန်းရံမွေးနေ့လေ ငါ့မွေးနေ့မှ မဟုတ်တာ'

ရတု မာန့်ကို မျက်စောင်းထိုးကာ ပြောလိုက်သည်

ခုနကလဲ မာနထွက်သွားတာနှင့် စားပွဲခုံပေါ် ပစ္စည်းတွေ နေရာချနေသော ရတုကို နောက်ကနေ ခါးကိုလာဖက်သည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now