Zawgyi
ဝန်းရံကမဖြေပဲ မာနကိုသာ မျက်လုံးအဝိုင်းသားနှင့် မော့ကြည့်လေသည်
ဝန်းရံရဲ့ ထိုအကြည့်တွေကို မာနသိပ်အသည်းယားပါသည်
'ဖြေလေ ငါကဘယ်တုန်းက မင်းဒယ်ဒီ ဖြစ်သွားတာလဲ'
ဝန်းရံ နှာခေါင်းဖျားလေးတွေ ရဲလာပြီး မျက်လုံးတွေ စိုလာတော့သည်
'မင်း အပြစ်လုပ်ထားရင် အပြစ်ပေးခံရမှာပဲ'
ပြောပြီး ဝန်းရံရဲ့ နှုတ်ခမ်းတွေကို မာန ငုံ့နမ်းပစ်လိုက်သည်
ဝန်းရံက ကို့အပြစ်နဲ့ကိုမို့ ငြိမ်ခံနေတော့သည်
ဝန်းရံက ငြိမ်နေသောကြောင့် မာနအတင့်ရဲစွာ သူ့နှုတ်ခမ်းတွေကို ဝန်းရံရဲ့ လည်တိုင်လေးဆီ ဆင်းလိုက်သည်
'ဟင့်.....'
ထိုအခါမှ အကောက်ပေါက်လေးက ရုန်းကန်လာလေတော့သည်
မာနရဲ့ နှုတ်ခမ်းတွေကို ရှောင်ဖယ်လာကာ စကားပြောရန် ကြိုးစားလေတော့သည်
'နောက်.မ.လုပ်.တော့.ဘူး'
တိုးတိုးလေးမှ တစ်ကယ်တိုးတိုးလေးရယ်ပါ
မာနကြားပါသည် သို့သော်
'ဘာပြောတာလဲ'
'နောက်မလုပ်တော့ဘူးလို့'
'ဘာမလုပ်တာလဲ'
'မပြောတော့ဘူး ပြောတာ'
'ဘာကို မပြောတာလဲ'
'ဟို မစဉ်းစားပဲ မပြောတော့ဘူးလို့'
မာန နှုတ်ခမ်းတွေ ပြုံးယောင်သန်းသွားတော့သည်
'နောက် ပြောရင်ရော'
'မပြောဘူး'
'ပြောခဲ့ရင်ရော'
'ဟို ကြိုက်တာလုပ်'
'အိုကေ မင်းပြောတာနော် ရပြီ'
မာန ဝန်းရံကို လွှတ်ပေးလိုက်တော့သည်
ဝန်းရံက ကုန်းရုန်းထကာ ထွက်ပြေးရန်ပြင်လေသည်
မာန ဝန်းရံရဲ့ လက်တစ်ဖက်ကို ပြန်ဆွဲထားကာ
'ဒီည ကို့ဆီမှာပဲ အိပ်'
VOUS LISEZ
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
Roman d'amourUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...