Zawgyi
ကျောင်းဆင်းချိန် ရောက်သောအခါ ကျောင်းဝန်းထဲကနေ ၀န်းရံက ပြေးထွက်လာသည်
မာနကားကိုမြင်တော့ ကားတံခါးဆွဲဖွင့်ကာ ကားပေါ်ကို တက်ထိုင်သည်
ဝန်းရံမျက်နှာက အပျော်လွန်နေသလို ပြုံးဖီးနေသည်
ဝန်းရံကိုကြည့်ကာ မာနလဲ လိုက်ပြုံးမိသည်
'ဘာလို့ အဲ့လောက်တောင် ပျော်နေတာလဲ ပြောပြဦးလေ'
'၀န်းရံတို့ ကျောင်းပိတ်ပြီလေ'
'အင်း...'
မာနရဲ့ အင်းကြောင့် ၀န်းရံက မျက်စောင်းထိုးကြည့်သည်
'ဘာအင်းလဲ ၀န်းရံတို့ မာမီတို့ဆီ သွားမယ်လေ'
မာနက ကားမောင်းထွက်မလို လုပ်ပြီးမှ ၀န်းရံဘက်ကို လှည့်လာသည်
ဝန်းရံက မျက်လုံးလေးတွေ ဝိုင်းသွားကာ မျက်တောင်ရှည်တွေကို ပုတ်ခက်ပုတ်ခက် လုပ်နေသည်
'အဲ့လို မလုပ်နဲ့'
'ဘာကိုလဲ'
မာနပြောတာကို ၀န်းရံက နားမလည်သလို ပြန်မေးသည်
'အဲ့မျက်လုံးတွေ အဲ့အကြည့်တွေက အရမ်းအသည်းယားလို့'
မာနကပြောရင်း ၀န်းရံအနား တိုးလာကာ နှုတ်ခမ်းနှစ်လွှာကို ငုံ့နမ်းသည်
တစ်ကယ်ကြီလား ဒီနေရာမှာလေ ကျောင်းအရှေ့ကြီးမှာလေ နမ်းလိုက်တာလား
မာန ပြန်ခွာသွားသော်လဲ ၀န်းရံ အရှက်သည်းစွာ ခေါင်းမဖော်ရဲတော့ပဲ မာနရင်ခွင်ထဲသာ တိုးဝင်နေမိသည်
မာန သူ့ရင်ခွင်ထဲ အတင်းတိုးဝင်နေသော အကောင်ပေါက်လေးကို ငုံ့ကြည့်ကာ နှုတ်ခမ်းစွန်းတို့ ကွေးညွတ်သွားသည်
မာနတောင် ထိုကလေးပေါက်စလေးကြောင့် နေရာမရွေး နမ်းပစ်ချင်တာ ရှက်ရကောင်းမှန်းတောင် မသိတော့
'ဘာလို့ အတင်းတိုးနေတာလဲ ကလေးလေးရဲ့'
'မောင်းပါတော့ ဒီနေရာကနေ မြန်မြန်လေး'
'ကောင်းပါပြီဗျာ'
မာန ၀န်းရံကိုယ်လေးကို လက်တစ်ဖက်နှင့် ဖက်ထားကာ ထိုနေရာကနေ ကားလေးကို မောင်းထွက်လာခဲ့သည်
![](https://img.wattpad.com/cover/178168633-288-k523714.jpg)
YOU ARE READING
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomanceUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...