44

5.7K 361 26
                                    

Uni

မာန ရတုတို့ဘက်ကနေ ခုထိ ဘာမှမသိရသေးတဲ့အပြင် နှင်းပွင့်ဖြူကလဲ ထွက်သွားပြီမလို့ စိတ်ပူသွားသည်

သူလဲ ထိုင်ရာကနေ ထလိုက်ကာ

'ကျွန်တော့်ကိုလဲ ခွင့်ပြုပေးပါဦး'

မာနပြောပြီး ကုမ္ပဏီထဲကနေ ပြေးထွက်လာသောအခါ နှင်းပွင့်ဖြူရဲ့ ကားလေးက သူ့ရှေ့မှာတင် မောင်းထွက်သွားလေသည်

သူလဲ ချက်ချင်းပဲ ကားပေါ်တက်ကာ နှင်းပွင့်ဖြူရဲ့ ကားနောက်ကနေ အမှီလိုက်မောင်းသွားလိုက်သည်

နှင်းပွင့်ဖြူ နောက်ကြည့်မှန်ထဲကနေ မာနရဲ့ကားကို မြင်ရသောအခါ နှုတ်ခမ်းတွေက ယုတ်မာစွာ ပြုံးသွားသည်

လိုက်လာခဲ့ ကိုချစ်ရတဲ့သူက ကို့ရှေ့မှာတင် နာကျင်ရတာကို မျက်စိနဲ့မြင်အောင် လိုက်ကြည့်

လမ်းမကြီးထက်တွင် ရှေ့နောက် အဖြူရောင်ကားလေး တစ်စီးနှင့် အနက်ရောင်ကားလေး တစ်စီးက မိုင်ကုန်တင်ကာမောင်းရင်း တစ်ရိပ်ရိပ်ပြေးနေလေသည်

နှင်းပွင့်ဖြူ သူမအဖေပြောသော နေရာသို့ ရောက်သောအခါ ကားပေါ်ကနေ အမြန်ဆင်းပြီး ပြေးသွားလိုက်သည်

ထိုနေရာက ပင်လယ်ကမ်းစပ်နားမှာရှိသော မီးပြတိုက်အဟောင်းတစ်ခု ဖြစ်လေသည်

မာနလဲ သူ့တည်နေရာကို ရတုတို့ဆီ လှမ်းပို့ကာ နှင်းပွင့်ဖြူ နောက်ကနေ အမြန်ပြေးလိုက်ခဲ့သည်

မာနရောက်သွားသောအခါ ဦးရောင်ဝါလင်းက ဝန်းရံကို သေနတ်နှင့် ချိန်ထားပြီး နှင်းပွင့်ဖြူက သူ့ကို ရပ်စောင့်နေလေသည်

ဝန်းရံရဲ့ အခြေအနေကို မြင်လိုက်ရသောအခါ မာနရဲ့ အကြည့်တွေက အေးခဲသွားကာ တစ်လောကလုံးကို ဖျတ်စီးပစ်ချင်သလိုမျိုး ဖြစ်နေလေသည်

'မင်းမာန ရှင်အခု ဘာတက်နိုင်သေးလဲ'

နှင်းပွင့်ဖြူက မာနကို ဒဏ်ရာရနေသော ကျားတစ်ကောင်လိုမျိုး စူးစူးရဲရဲကြည့်ကာ အရူးတစ်ယောက်လိုမျိုး အော်ပြောလိုက်သည်

မာန နှင်းပွင့်ဖြူရဲ့ ရူးသွပ်နေသော ပုံစံကြောင့် လေသံကို နဲနဲလျော့လိုက်ကာ

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Donde viven las historias. Descúbrelo ahora