(Zawgyi)
ခုနေ့မာနတစ်ယောက် အိပ်ရာကနေ အစောကြီးနိုးလာခဲ့သည်
နိုးနိုးချင်း သူသတိရလိုက်တာ ဝန်းရံကိုပါ
ဒီကလေး မနေ့ထဲက ဖျားနေတာ သက်သာပါ့မလားဟုတွေးရင်း ဝန်းရံအခန်းလေးဆီသို့ သွားလိုက်သည်
ဝန်းရံက အိပ်နေသည်မှာ ကလေးလေးပမာ တုတ်တုတ်မျှ မလှုပ်ပဲ အိပ်မောကျနေလေသည်
မာနခြေဖော့နင်းကာ အသာလေး ဝန်းရံအိပ်နေသောကုတင်ဆီသို့ ဖြေးဖြေးလေး လျောက်သွားလိုက်သည်
ဝန်းရံကအိပ်နေဆဲမို့ ကုတင်စွန်းတွင် ဝင်ထိုင်လိုက်ပြီး ဝန်းရံနဖူးကိုလက်နဲ့ စမ်းကြည့်လိုက်သည်
ထို့နောက် ကို့နဖူးကို ပြန်စမ်းရင်း ကိုယ်ပူကျမကျ စစ်နေလိုက်သည်
'အွင်း...'
ဝန်းရံက လူးလွန့်လာရင်း အပျင်းကြောဆန့်ကာ မျက်လုံးများပွင့်လာလေသည်
မျက်တောင်ရှည်များကို ပုတ်ခက်ပုတ်ခက်လုပ်ကာ မာနအား အထူးအဆန်းသဖွယ် ပြန်ကြည့်သည်
ထိုအကြည့်ကြောင့် မာန ရင်ခုန်သွားကာ မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်သည်
'ဆောရီး ကို့ကြောင့်မင်းနိုးသွားပြီ'
မာနက လက်ပြန်ရုတ်ပြီး မတ်တပ်ပြန်ရပ်လိုက်သည်
'ကိုယ်ပူတော့ကျသွားပါပြီ ခုနေ့တော့ ကျောင်းမသွားပဲ နားလိုက်ဦး မင်းဘာစားမလဲပြော အန်တီကို ပြင်ခိုင်းလိုက်မယ်'
ဝန်းရံက ဘာမှမပြောပဲ မာနကိုသာ သေချာလိုက်ကြည့်နေသည်
အိပ်ရာထကာစ ဆံပင်တွေက ဖရိုဖရဲနှင့် ဘာမှပြင်ဆင်မထားတာတောင် မာနက ဆွဲဆောင်မှုရှိနေပါသည်
ဝန်းရံကို နူးညံ့စွာကြည့်ပြီး မေးနေပုံကြောင့် ဝန်းရံတကယ် ကျေနပ်မိပါသည်
KAMU SEDANG MEMBACA
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomansaUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...