Zawgyi
မာန ၀န်းရံကို ကျောင်းရှေ့အထိ လိုက်ပို့လိုက်သည်
'ညနေကျရင်လဲ ကို လာကြိုမယ်နော်'
'ဟုတ်'
ဝန်းရံ ကားပေါ်ကနေ ဆင်းဖို့အလုပ် မာနက ၀န်းရံကို ပြန်ဆွဲဖက်ထားကာ နမ်းလိုက်သည်
'ဖက်ထားချင်သေးတယ်'
'တော်တော့ ညနေကျရင် ပြန်တွေ့ရမှာပဲကို'
'အင်းအင်း လိမ်လိမ်မာမာ နေ လျှောက်လဲ သွားမနေနဲ့ စာလဲ သေချာလုပ် နော်'
မာနပြောတာတွေကို ၀န်းရံက ပါးလေးဖောင်းကာ မျက်တောင်ရှည်တွေကို ပုတ်ခက်ပုတ်ခက်လုပ်ပြီး နားထောင်နေသည်
ဝန်းရံကိုကြည့်ပြီး မာန အသည်းယားလာကာ ပါးတစ်ဖက်ကို လှမ်းဖျစ်လိုက်သည်
ဝန်းရံက သူ့ကို မျက်လုံးပြူးပြကာ လက်သီးတစ်ဖက် ထောင်ပြပြီး ကားပေါ်ကနေ ဆင်းသွားသည်
မာန ၀န်းရံလုပ်သွားတဲ့ ပုံစံကြောင့် ပြုံးလိုက်ကာ ကားလေးကို မောင်းထွက်လာခဲ့သည်
ဝန်းရံ ကျောင်းဝန်းထဲ ၀င်လာတော့ သူ့ရှေ့မှာ အဖြူရောင်အရိပ်တစ်ခုက ပိတ်ရပ်လာသည်
'မောင်လေး နေကောင်းတယ်နော်'
သူမက နှင်းပွင့်ဖြူပဲ ဖြစ်သည်
'အော် မမ ကိစ္စရှိလို့လား'
အမြဲတမ်း ရိုးသားဖြူစင်ကာ နူးညံ့လွန်းသော အပြုံးတစ်ခုက သူမမျက်နှာပေါ်တွင် ရှိသည်
'အင်း မောင်လေးနဲ့ မတွေ့တာ ကြာလို့လေ မမနဲ့ စကားခဏလောက် လိုက်ပြောပါလား'
ဝန်းရံ လိုက်သွားလို့ မဖြစ်ဘူးဟု တွေးကာ အကြောင်းပြချက်ပေးရန်စဉ်းစားကြည့်သည်
'ဟို ၀န်းရံ အတန်းချိန် ရှိသေးတယ်'
'ခဏလေးပါပဲ ဒီနားက ဆိုင်မှာပဲ သွားထိုင်မယ်လေ'
'၀န်းရံ သူငယ်ချင်းတွေနဲ့လဲ ချိန်းထားလို့ပါ မမ'
နှင်းပွင့်ဖြူ မျက်နှာက အတော်လေး စိတ်မကောင်းသည့်ဟန် ဖြစ်သွားသည်
'မမက ၀န်းရံကို မွေးနေ့လက်ဆောင် ပေးချင်လို့ တစ်ကူးတစ်က လာခဲ့ရတာကို'
YOU ARE READING
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomanceUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...