46

5.8K 376 13
                                    

Uni

မာနနှင့်ဝန်းရံတို့ဘက်က အခြေအနေတွေ အကုန်လုံးကို သိလိုက်ရတာနှင့် မာနဒယ်ဒီ ဦးနေမင်းရှိန်နှင့် ဝန်းရံမာမီ ဒေါ်ရွှေဝန်းရံတို့က ညတွင်းချင်း လေယာဥ်လက်မှတ်ဖြတ်ကာ ပြန်လာကြတော့သည်

စိတ်ချလက်ချ ထားခဲ့မိသော သားနှစ်ယောက်ဆီက ဘာသတင်းမှ မကြားရတာကြောင့် အရာအားလုံး အဆင်ပြေနေသည်ဟု ထင်ခဲ့မိသည်

ယခုတော့ တိုင်းသိပြည်သိ သတင်းတစ်ခုက ခေါင်းကြီးပိုင်းတွင် ပါလာပြီး အကုန်ပွတ်လောရိုက်ကုန်မှသာ ဒီလိုတွေဖြစ်နေမှန်း သိခဲ့ရသည်

ရှိသမျှ သတင်းတင်ဆက်သော မီဒီယာတွေ အကုန်လုံးက ထိပ်ဆုံးကုမ္ပဏီကြီးများရဲ့ အားပြိုင်ပွဲဟု ခေါင်းစဥ်တပ်ကာ ရှယ်ယာရှင်အစည်းအဝေးပွဲကနေစပြီး မင်းမာနနှင့်ဝန်းရံခရဲ့ အကြောင်းတွေအပြင် နှင်းပွင့်ဖြူ အဖမ်းခံရသည်အထိ အကုန်ရေးထားကြသည်

တစ်ချို့ မီဒီယာတွေဆို မာနနှင့် နှင်းပွင့်ဖြူရဲ့ အရင်ဇာတ်လမ်းတွေပါ သိကုန်ကြပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟုပင် ပုံကြီးချဲ့ ရေးထားကြသေးသည်

တစ်နိုင်ငံလုံးနီးပါး ထိုသတင်းတွေနှင့် အတော်လေး ဂယက်ရိုက်နေကြလေသည်

ဦးနေမင်းရှိန်နှင့် ဒေါ်ရွှေဝန်းရံကတော့ စိုးရိမ်စိတ်တွေကြောင့် အိမ်ကိုတောင် လှမ်းအကြောင်းမကြားနိုင်တော့ပဲ မှီရာလေယာဥ်နှင့်သာ အလျှင်အမြန် ပြန်လာခဲ့ကြသည်

လေယာဥ်ဆင်းတာနှင့် ဦးနေမင်းရှိန်က သူ့လူတစ်ယောက်ကို လာကြိုခိုင်းလိုက်ကာ မဂ်လာပွဲပြီးထဲက မနေရသေးသော အိမ်ဆီကို တန်းမောင်းခိုင်းလိုက်သည်

အိမ်ရောက်တာနှင့် ကားပေါ်ကနေ အမောတကောဆင်းကာ အိမ်ထဲဝင်လာခဲ့ကြသည်

အိမ်ထဲရောက်သောအခါ အိမ်အကူ အဒေါ်ကြီးက မီးဖိုခန်းဘက်ကနေ ထွက်လာကာ သူတို့နှစ်ယောက်ကိုမြင်တော့ လန့်သွားပုံပင်

'အဒေါ် ကျွန်မသားတွေ ဘယ်မှာလဲ'

ဒေါ်ရွှေဝန်းရံ သူ့သားနှစ်ယောက်ကို မမြင်ရမချင်း ရတက်မအေးနိုင်သေးပါ

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Tempat cerita menjadi hidup. Temukan sekarang