Zawgyi
နှင်းပွင့်ဖြူ ခရောင်းရိပ်ကို စောင့်ကြည့်နေတာ လွန်ခဲ့တဲ့နှစ်ရက်ထဲက ဖြစ်သည်
ခရောင်းရိပ်က ဒီဂိမ်းစင်တာကိုသာ တစ်စိုက်မတ်မတ် လာကစားနေတက်ပါသည်
ဒီနေ့တော့ နှင်းပွင့်ဖြူ ခရောင်းရိပ်ကို စကားပြောကြည့်ရန် ဆုံးဖြတ်လိုက်သည်
ထို့ကြောင့် ခရောင်းရိပ် ဂိမ်းဆော့ပြီး ပြန်ထွက်လာမည့်အချိန်ကို စောင့်နေလိုက်သည်
'ညီမလေး မင်္ဂလာပါ'
ခရောင်းရိပ် သူမကို လာပြီးနှုတ်ဆက်တဲ့သူကို ကြည့်လိုက်သည်
မျက်နှာလေးက ကြည်လင်ရှင်းသန့်ကာ အေးချမ်းနေပါသည်
သူမကို မြင်သူတိုင်းက အိန္ဒေသြိက္ခါကြီးမားသော မိန်းကလေးအဖြစ် မြင်ကြလိမ့်မည်
သို့သော် ခရောင်းရိပ်စိတ်ထဲတွင် သူမကို ရန်သူတစ်ယောက်လိုပဲ မြင်နေသည်
'မမကို ခရောင်း မသိဘူးလားလို့'
သူမက ပါးချိုင့်လေးတွေ ပေါ်သည်အထိ ပြုံးလိုက်ကာ
'အင်း မမ ခရောင်းနဲ့ စကားခဏလောက် ပြောချင်လို့ ရလား'
ခရောင်းရိပ်က မသိတဲ့သူတွေနှင့် စကားပြောရသည်ကို လုံးဝမကြိုက်
'ခရောင်း မအားဘူး မမ'
ခရောင်း အပြတ်ပြောပြီး လှည့်ထွက်ဖို့ အလုပ်
'မင်းမာနနဲ့ ပတ်သက်နေတယ် ဆိုရင်ရော အားလား'
ခရောင်း ချက်ချင်း နှင်းပွင့်ဖြူကို ပြန်လှည့်ကြည့်လိုက်သည်
နှင်းပွင့်ဖြူ ခရောင်းရိပ်ကို အစောကြီးထဲက လွယ်လွယ်မရနိုင်ဘူးဆိုတာ တွေးပြီးသားဖြစ်သည်
နှင်းပွင့်ဖြူရဲ့ မျက်နှာပေါ်က လှပတဲ့အပြုံးက အေးစက်တဲ့အပြုံးအဖြစ် ပြောင်းလဲနေပါပြီ
'ကဲ ပြော ဘာပြောချင်တာလဲ'
ခရောင်းရိပ်က နားမှာတပ်ထားတဲ့ headphoneကိုဖြုတ်ပြီး လည်ပင်းမှာပြောင်းချိတ်လိုက်ကာ ဘောက်ဆက်ဆက်နှင့် မေးလိုက်သည်
![](https://img.wattpad.com/cover/178168633-288-k523714.jpg)
YOU ARE READING
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomanceUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...