Zawgyi
ဝန်းရံ ထွက်လာခဲ့သော်လဲ စိတ်ထဲက မသွားချင်သေး၍ အကွယ်ကနေ ချောင်းကြည့်လိုက်သည်
ဝန်းရံ မြင်လိုက်တာက မာနနဲ့နှင်းပွင့်ဖြူ လက်ချင်းကိုင်နေသော ပုံရိပ်တစ်ခုဖြစ်နေသည်
သူဆက်မကြည့်နိုင်တော့ပဲ ထိုနေရာကနေ အမြန်ဆုံး ထွက်လာခဲ့သည်
မာနလို အစစအရာရာ ပြည့်စုံနေတဲ့ လူတစ်ယောက်က မမနှင်းပွင့်ဖြူလို မိန်းကလေးမျိုးနဲ့ပဲ ဖြစ်သင့်ပါတယ်လေ
သူဆိုတာ ဒီတိုင်း ဒီတိုင်းလေးပဲ မကောင်းတက်လို့ ဂရုစိုက်ပေးနေရတဲ့ ညီလေးတစ်ယောက်မလား
ခင်ဗျား ဂရုစိုက်ပေးနေတာ ခင်ဗျားအဖေကြောင့်ဆိုတာ ကျွန်တော် သိပါတယ်
ကျွန်တော် အများကြီး မျှော်လင့်ခဲ့မိတယ်
ဒါပေမဲ့ ကျွန်တော် ရသလောက်အချိန်လေးနဲ့ ခင်ဗျားဘေးမှာ နေချင်နေတုန်းပဲ
ပါးပြင်ပေါ် လိမ့်ဆင်းလာတဲ့ မျက်ရည်စက်ကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ်ပစ်လိုက်တယ်
ပြီး ဝန်းရံ ဦးတည်ပြီး ဝင်သွားလိုက်တာက ဂိမ်းစင်တာတစ်ခု
သူရင်ထဲ ရှိသမျှအရာ အကုန်လုံးကို ပေါက်ခွဲပစ်ဖို့ ဒါတွေက အသုံးဝင်နိုင်ကောင်းပါရဲ့
မာန သူ့ဖုန်းကိုဖွင့်ကာ locationကြည့်လိုက်သည်
ဝန်းရံ မသိခင် ဝန်းရံဖုန်းကို မာန ခြေရာခံထားပြီး ဖြစ်သည်
ဒီကလေးဆိုးလေးက ဂိမ်းဆိုင်ထဲ သွားသောင်းကျန်းနေတာပဲ
မာန အပေါ်ထပ်တွင်ပင် ရှိနေသော ဂိမ်းစင်တာဆီ လျှောက်သွားလိုက်သည်
ဝန်းရံက သေနတ်ပစ်တဲ့ဂိမ်းကို ယူထားကာ screenပေါ် ပေါ်လာသမျှ မဲမဲမြင်ရာ ပစ်နေသည်
သူပစ်နေတာတွေက တစ်ခုမှမထိ ပစ်နေရရင်ပြီးရော ပစ်နေသည့်ပုံ
မာန ဝန်းရံအနားကို သွားလိုက်ကာ ဝန်းရံကျောကို သူ့ရင်ဘတ်နဲ့ ကပ်လိုက်သည်
'အဲ့လိုပစ်လို့ ဘယ်ရမလဲ ဒီလိုပစ်မှပေါ့'
ဝန်းရံသေနတ်ကိုင်ထားတဲ့လက်ကို သူ့လက်နဲ့ထပ်ကိုင်ပြီး ပစ်ပြလိုက်သည်
![](https://img.wattpad.com/cover/178168633-288-k523714.jpg)
YOU ARE READING
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomanceUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...