Zawgyi
နှင်းပွင့်ဖြူ ဝန်းရံ ဆွဲပေးသော ခုံပေါ်တွင် ထိုင်လိုက်ကာ စားပွဲပေါ်ကို ကြည့်လိုက်သည်
စားပွဲပေါ်တွင် ဝန်းရံစားနေသော ရေခဲမုန့်တစ်ခွက်နှင့် နောက်ထက် ရေခဲမုန့်တစ်ခွက်
သူမ နှုတ်ခမ်းတွေ ပြုံးသွားကာ
'ဒီဆိုင်က သီးစုံရေခဲမုန့်ကို မမက အရမ်းကြိုက်တာလေ'
ဝန်းရံ စားနေရင်းနဲ့ နင်ချင်သွားမိသည်
လက်စသတ်တော့ ခင်ဗျားက ကျွန်တော်ကြိုက်လို့ မဟုတ်ပဲ ခင်ဗျားအဆက်ဟောင်းရဲ့ အကြိုက်တွေကို မမေ့သေးတာကိုး
ဝန်းရံရဲ့ ဇဝေဇဝါ ဖြစ်သွားသော မျက်နှာကိုကြည့်ပြီး နှင်းပွင့်ဖြူ အူလှိုက်သည်းလှိုက် ဖြစ်နေသော်လဲ သူမမျက်နှာကိုတော့ လုံးဝဗလာဖြစ်အောင် ထားထားသည်
ဝန်းရံ နှင်းပွင့်ဖြူမျက်နှာကို မော့ကြည့်လိုက်တော့ သူ့ကို မောင်လေး တစ်ယောက်လို နွေးထွေးစွာသာ ကြည့်နေပါသည်
နှင်းပွင့်ဖြူ မျက်နှာတွင် အပြစ်ဟူ၍ မြူတစ်မှုန်မျှပင် ဝန်းရံ ရှာမတွေ့
သူများကို သံသယဝင်မိတဲ့ ကို့ကိုယ်ကိုတောင် အပြစ်တင်လိုက်သေးသည်
'ဒါဆို မမ ဒါကို စားလိုက်လေ'
ဝန်းရံ နောက်ထက်ရေခဲမုန့် တစ်ခွက်ကို နှင်းပွင့်ဖြူရှေ့ ထိုးပေးလိုက်သည်
'အင်း မောင်လေး ကျေးဇူးနော်'
နှင်းပွင့်ဖြူက ဝန်းရံခေါင်းကို ပုတ်ပေးလိုက်ကာ ရေခဲမုန့်ကိုခပ်ပြီး အေးဆေးစားနေပါသည်
သူမ စိတ်ထဲတွင်တော့ ကုလားဘုရားလှည့်သလို ဝုန်းဒိုင်းကြဲနေပါပြီ
ဝန်းရံ အထင်လွဲအောင်သာ ပြောလိုက်သော်လဲ သူမက အအေးကိုကြောက်သည် လုံးဝမကြိုက်
'ပြော ရတု အရေးကြီးကိစ္စရှိလို့လား'
'ဟုတ် CEO ကျွန်တော်တို့ ကမ်းလှမ်းထားတဲ့ ကုမ္မဏီက လက်မခံပဲ ပယ်ချလိုက်လို့ပါ'
'ဘယ်တစ်ခုလဲ'
'သုံး...သုံးခုလုံးပါ CEO'
မာန မျက်ခုံးတွေ တွန့်ချိုးသွားသည်
YOU ARE READING
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomanceUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...