50(end)

13K 508 53
                                    

မင်္ဂလာခန်းမကြီးထဲတွင် လူအများအပြားနှင့် စည်ကားသိုက်မြိုက်နေသည်

ခန်းမရှေ့က ဆိုင်းဘုတ်တွင်မူ တစ်ဖတ်တွင်တော့ မောင်မင်းမာနနှင့် မောင်ဝန်းရံခဟု ရေးထိုးထားပြီး နောက်တစ်ဖတ်တွင်မူ မောင်မုန်းမာန်ပြည့်နှင့် မောင်ရှင်းရတုမောင်ဟု ရေးထိုးထားလေသည်

ဧည့်သည်တွေကို နေရာချပေးသူကပေး လိုအပ်သည်များကို ညွှန်ကြားသူက ညွှန်ကြားလိုက်နှင့် ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည်

အလှပြင်ခန်းထဲတွင်မူ မာနနှင့်ဝန်းရံရော မာန်နှင့်ရတုပါ ပွဲအတွက် ပြင်ဆင်နေကြလေသည်

မာနက ဝန်းရံရဲ့ ရှပ်အကျီကြယ်သီးတွေကို တပ်ပေးကာ နက်တိုင်ကို လည်ပင်းမှာ သေချာချည်ပေးလိုက်သည်

ဝန်းရံကတော့ အနားတွင်ရှိသော မုန့်ဗန်းထဲက ကိတ်မုန့်တွေကို တစ်ခုပြီးတစ်ခု ပါးစပ်ထဲ ထိုးထည့်နေသည်

'ဖြေးဖြေးစားပါ ကလေးရဲ့ ဘယ်သူမှ လုမစားပါဘူး'

ဝန်းရံက သူ့ကို ကလေးလို့ခေါ်လျှင် လုံးဝမကြိုက်တာကြောင့် နှုတ်ခမ်းဆူသွားကာ

'ပွဲထဲရောက်မှ ကျွန်တော် ဗိုက်ဆာနေရင် ဘယ်လိုလုပ်မလဲ'

ထိုဆူထွက်နေသော နှုတ်ခမ်းကို မာန ရန်ရှာချင်သော်လဲ တစ်ခြားလူတွေ ရှိသေးတာကြောင့် စိတ်ထိန်းထားလိုက်သည်

*ညကျမှ တွေ့မယ်*

မာန်က လုပ်သမျှအကုန် လွဲနေတာကြောင့် ဝတ်စုံကို ရတုပဲ အစအဆုံး ဝတ်ပေးလိုက်ရသည်

ပြီးတာနှင့် သူ့ကိုယ်သူလဲ ပြန်ပြင်ဆင်ရသေးတာကြောင့် ရတုက သူများထက် အလုပ်ပိုများနေသည်

ရတု လုပ်နေသမျှကို မာန် ထိုင်နေရာကနေ မျက်တောင်မခတ်ပဲ လိုက်ကြည့်နေရင်းက သူ့အနားရောက်လာတာကြောင့် ရတုခါးကိုလက်နှစ်ဖတ်နှင့် ဆွဲဖက်ထားလိုက်သည်

'မောင် အရမ်းလှတာပဲ'

ရတုက မာန့်ကို ငုံ့ကြည့်ပြီး ပြုံးပြကာ နဖူးလေးကို ဖွဖွလေး နမ်းလိုက်ပြီး

'မောင့်အမျိုးသားလေးကလဲ ကြည့်လို့ကောင်းပါတယ်'

ရတုဆီက မမျှော်လင့်ထားသော နာမ်စားလေးကြောင့် စကားတက်လွန်းသော မာန့်မှာ ဘာမှတောင် ပြန်မပြောနိုင်တော့

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Hikayelerin yaşadığı yer. Şimdi keşfedin