Zawgyi
မာန ပြန်သွားတာနှင့် နှင်းပွင့်ဖြူနားကို လူတစ်ယောက် ရောက်လာသည်
'ငါရိုက်ခိုင်းထားတာတွေ ရလား'
ထိုလူက သူမလွှတ်ထားသော လူယုံတစ်ယောက်ဖြစ်သည်
မာနအနားတွင်ကော ဝန်းရံအနားတွင်ပါ သူမလူယုံတစ်ယောက်စီ ရှိကြသည်
'ဟုတ် မမလေး ရိုက်ထားတယ်'
မာန သူမကို ထားသွားထဲက နှင်းပွင့်ဖြူ မာနအနောက် လိုက်နေခဲ့ခြင်းဖြစ်သည်
ဒီလို ချောမောကာ ကြည့်ကောင်းရုံသာမက အစစအရာရာ ပြည့်စုံနေသော ယောက်ျားတစ်ယောက်ကို ဘယ်သူကများ လက်လွှတ်နိုင်မှာတဲ့လဲ
မာနနှင့် နှင်းပွင့်ဖြူဆိုတဲ့ သူမက မလိုက်ဖက်စရာအကြောင်း လုံးဝမရှိ
အရင်က မာနအနားက ကောင်မလေးတွေကို နှင်းပွင့်ဖြူ ပထုတ်စရာ မလိုခဲ့
မာနကိုယ်တိုင်က အကြာကြီးမတွဲတက်တာကြောင့် သူမအေးဆေးနေခဲ့သည်
ခုဝန်းရံဆိုတဲ့ ကောင်လေးက ညီအကိုတော်ကာ အနားရောက်လာခဲ့သည်
မာနကလဲ ဝန်းရံပေါ်မှာ လိုတာထက်ကို ပိုနေတာ သူမသိသည်
ဝန်းရံကို ပထုတ်စရာ နည်းလမ်းက အများကြီး ရှိမနေခဲ့
ဝန်းရံကိုယ်တိုင် စိတ်ပျက်ပြီး ထွက်သွားမှရမည်
မာနပုံစံက ဝန်းရံကို လုံးဝအဆုံးရှုံးခံမည့်ပုံ မပေါ်တာမို့
'အဲ့ပုံတွေကို ဝန်းရံခဆိုတဲ့ ကောင်လေးဆီ ပို့လိုက်'
'ဟုတ်ကဲ့ မမလေး'
ဝန်းရံ နင်ဘယ်လောက်ထိ တောင့်ခံထားနိုင်မှာတဲ့လဲ
မာနရှေ့မှာ ခရောင်းက ခေါင်းငုံ့ပြီး ရပ်နေသည်
'ကိုမေးနေတယ်လေ ခရောင်း'
ခေါင်းမော့လိုက်တော့ ခရောင်းမျက်လုံးမှာ မျက်ရည်တွေ ဝဲနေပါပြီ
'မဟုတ်ဘူး ကိုကို ခရောင်းက'
'ကိုမေးနေတာ ခရောင်း နှင်းပွင့်ဖြူကို ရိုက်ခဲ့လား မရိုက်ခဲ့ဘူးလား ဆိုတာပဲ'
YOU ARE READING
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomanceUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...