Uni
'ဝန်းရံ အဆင်ပြေရဲ့လား'
မာန်နှင့်ရတုက မာနနှင့်ဝန်းရံ အနားကို ရောက်လာကာ ရတုက ဝန်းရံကို မေးလိုက်လေသည်
'ဟုတ် အဆင်ပြေပါတယ် အကိုရတုရော အဆင်ပြေတယ်မလား'
ဝန်းရံ အဖမ်းမခံရခင်တုန်းက ရတုက အရင်ဖမ်းခံရတာမလို့ ဝန်းရံ မေးလိုက်ခြင်းဖြစ်သည်
'အကိုက ဘာမှမဖြစ်ပါဘူး ဝန်းရံကို အကိုတို့အကုန်လုံး စိတ်ပူနေကြတာ'
ရတုပြောပြီးသောအခါ မာန်က ဝန်းရံရဲ့ မျက်နှာကို သေချာကြည့်နေလေသည်
မာန့်ရဲ့ အကြည့်တွေက ဝန်းရံရဲ့ နှုတ်ခမ်းဆီ ရောက်သွားကာ
'ဝန်းရံ မင်းရဲ့နှုတ်ခမ်းက'
မာန်ပြောကာမှ မာနက ဝန်းရံရဲ့ မျက်နှာလေးကို မော့ယူကာ နှုတ်ခမ်းကို သေချာကြည့်လေသည်
နှုတ်ခမ်းထောင့်မှာ ပေါက်ပြဲကာ သွေးစို့နေသေးသော ဒဏ်ရာလေးတစ်ခု ရှိနေသည်
ထိုဒဏ်ရာက နှင်းပွင့်ဖြူ ဝန်းရံကို ရိုက်လိုက်တုန်းက ရခဲ့ခြင်း ဖြစ်သည်
'အဲ့မိန်းမ လုပ်ထားတာလား'
မာနရဲ့ ဒေါသထွက်နေသော အမေးကို ဝန်းရံက အပြုံးလေးနှင့် ခေါင်းခါပြလိုက်ပြီး
'ထားလိုက်ပါတော့ ဝန်းရံ ဘာမှမဖြစ်ပါဘူး'
ဝန်းရံက ဘာမှမဖြစ်ဘူးဟု ပြောသော်လဲ မာနကတော့ နှင်းပွင့်ဖြူကို ထောင်ထဲကနေ ပြန်မထွက်နိုင်အောင်ကို လုပ်ပစ်မည်ဟု မှတ်ထားလိုက်သည်
မာနက ရုတ်တရက် ဝန်းရံရဲ့ နှုတ်ခမ်းလေးကို ဖျတ်ခနဲ နမ်းလိုက်ကာ
'ခု နာနေသေးလား'
ဝန်းရံရဲ့ ထိုနှုတ်ခမ်းရဲရဲလေးကိုလဲ မာန လွမ်းနေခဲ့တာ ဖြစ်သည်
မာန်နှင့်ရတုမှာ မာနလုပ်ရပ်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်
ဝန်းရံ အဖမ်းခံထားရတဲ့ တစ်လျောက်လုံး နေ့နေ့ညည လူသတ်ငွေ့တွေ ထွက်နေတဲ့လူက ခု ဘယ်လိုဖြစ်သွားတာလဲ
သူတို့နှစ်ယောက်တောင် မာနအရှေ့တွင် အမှားမလုပ်မိစေရန် သတိထား နေခဲ့ရခြင်းဖြစ်သည်
CITEȘTI
အေဖမတူ အေမကြဲ~အဖေမတူ အမေကွဲ(Completed)
DragosteUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...