Uni
မာနနှင့်ဝန်းရံရဲ့ မဂ်လာကိစ္စကို ကြားသောအခါ မာန်နှင့်ရတုက ချက်ချင်းပဲ အိမ်ကို ရောက်ချလာလေသည်
မာန်ကတော့ မာနဆီကနေ ရတုကို အပိုင်သိမ်းရေးအတွက် အကြံဥာဏ်မျိုးစုံ တောင်းမည်ဟု တွေးကာ လာခဲ့ခြင်းဖြစ်သည်
ရတုကတော့ ဦးနေမင်းရှိန်က သူ့ကို လာခဲ့ရန် ခေါ်ထားသောကြောင့် လိုက်လာခဲ့ခြင်းဖြစ်သည်
သူတို့ ဧည့်ခန်းထဲ ဝင်လိုက်တာနှင့် တွေ့ရပါပြီ ဆိုဖာပေါ်တွင်ထိုင်ကာ ပါးဖောင်းပြီး နှုတ်ခမ်းဆူထားသော ဝန်းရံခနှင့် အောက်တွင် ဒူးတစ်ဖတ်ထောက်ထိုင်ကာ ဝန်းရံရဲ့ မျက်နှာလေးကို မော့ကြည့်ပြီး ချော့နေရှာသော မင်းမာန
မာန်တို့ဝင်လာတာကို နှစ်ယောက်လုံးက သတိမထားမိသေးချေ
'အဟမ်း..အဟမ်း...'
မာန့်ရဲ့ ချောင်းဟန့်သံကြောင့် ဝန်းရံရဲ့ မျက်စောင်းက မာန့်ဆီကို ဒိုင်းခနဲ ရောက်လာကာ မာနကတော့ အောက်ကနေထပြီး ဝန်းရံဘေးမှာ ကပ်ထိုင်လေသည်
ဝန်းရံရဲ့ မျက်စောင်းကြီးကြောင့် မာန် သူ့ကိုယ်သူတောင် လက်ညိုးနှင့် ပြန်ထိုးမိသွားသည်
ငါလား ငါက ဘာလုပ်မိလို့လဲ သူ့သာဘာ ကို့ယောက်ျားကို စိတ်ဆိုးနေပြီး ဘာကိစ္စ ငါ့လာကြည့်နေရတာလဲ
မာန့်ရဲ့ပုံစံကိုကြည့်ပြီး ရတု အသာပြုံးလိုက်ကာ
'မာန အန်ကယ် ရှိတယ်မလား'
ရတုက အစထဲက မာနဒယ်ဒီ ဦးနေမင်းရှိန်ရဲ့ လက်ထောက်အတွင်းရေးမှူး ဖြစ်လေသည်
မာန ညွှန်ပြလိုက်သော စာကြည့်ခန်းရှိရာသို့ ရတု လျှောက်လာခဲ့သည်
စိတ်ထဲကနေလဲ ယခုပြီးသွားခဲ့သော ကိစ္စများကို အစီရင်ခံရန် အဆင်သင့်ပြင်ထားလိုက်သည်
စာကြည့်ခန်းရှေ့ရောက်တော့ တံခါးကို အသာခေါက်လိုက်ကာ
ဒေါက် ဒေါက် ဒေါက်
'အန်ကယ် ကျွန်တော် ရတုပါ'
'ရတုလား ဝင်ခဲ့လေ'
'ဟုတ်ကဲ့ အန်ကယ်'
ရတုက ဦးနေမင်းရှိန်ကို ခေါင်းငုံ့ကာ ဦးညွတ်လိုက်ပြီး စားပွဲရှေ့ကခုံမှာ ဝင်ထိုင်လိုက်သည်
![](https://img.wattpad.com/cover/178168633-288-k523714.jpg)
YOU ARE READING
အေဖမတူ အေမကြဲ~အဖေမတူ အမေကွဲ(Completed)
RomanceUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...