22

13.3K 973 22
                                    

Zawgyi

မာန် မာနနှင့် ဝန်းရံတို့နေသော အိမ်ကိုရောက်တော့ ရတုက ရောက်နှင့်နေပါပြီ

'ဟေး မောင်'

သုံးယောက်လုံး ဆိုဖာခုံပေါ် ထိုင်နေရာကနေ မာန့်ကို လှည့်ကြည့်လိုက်ကြသည်

မာနကတော့ မာန့်ကိုတစ်လှည့် ရတုကိုတစ်လှည့်ကြည့်သည်

ဟိုနေ့တုန်းက ဘာမှမသိပါဘူးဟု ပြောထားသော ရတုက ဘာဖြစ်သွားတာလဲပေါ့

ဝန်းရံကတော့ ရတုကိုသာ ပြူးပြဲကြည့်သည်

ရတုကတော့ မျက်နှာကို လက်နှင့်အုပ်ကာ ခေါင်းခါပစ်လိုက်သည်

ဒီအရှုပ်ထုတ် ဘယ်လိုရောက်လာသလဲဆိုတာ စဉ်းစားရင်းနဲ့ပေါ့

မာန် သူတို့ဆီ လျှောက်သွားလိုက်ကာ ရတုဘေးနား ကပ်ထိုင်လိုက်သည်

ရတုက မသိမသာလေး ဟိုဘက်ရွေ့သွားသည်

'ကဲ အဲ့တော့ အရင်ဆုံး လိုတာတွေ သွားဝယ်ကြတာပေါ့'

ဝန်းရံက စပြီး စကားပြောလိုက်သည်

'အင်း သွားမယ်လေ ဘာဝယ်မှာလဲ'

မာန်က ခုမှရောက်လာတာမို့ ဘာမှမသိပဲ မေးလိုက်သည်

'မုန့်လုပ်ဖို့အတွက်လေ အိမ်မှာအစုံမှမရှိတာ'

မာနက ပြောရင်း ကားသော့ကိုင်ကာ ထရပ်လိုက်သည်

ရတုကလဲ ကားသော့ယူကာ မတ်တပ်ရပ်လိုက်သည်

'မောင် ကျွန်တော်​နဲ့ လိုက်ခဲ့လေ ကားတွေအများကြီး ဘာလုပ်မှာလဲ'

မာန်က ရတုကားသော့ကိုင်ထားတဲ့လက်ကို လှမ်းဆွဲကာ ပြောလိုက်သည်

'မင်းကားစီးမဲ့အစား ငါပြေးပြီးတော့ပဲ သွားလိုက်တော့မယ်'

ရတုစကားကြောင့် မာန့်မျက်နှာ မဲ့သွားသော်လဲ မာနနှင့်ဝန်းရံကတော့ ပြုံးစိစိဖြစ်သွားသည်

အရင်တစ်ခေါက် ဘာဖြစ်သွားလဲဆိုတာ သူတို့ သိပြီးသားဖြစ်သည်

'ဟာ မောင်ကလဲ'

မာန ထို တစ်မောင်ထဲ မောင်နေသော နှစ်ယောက်ကို ကြည့်မရချင်တော့

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now