(Zawgyi)
'သတို့သားနဲ့ သတို့သမီး မင်္ဂလာလက်စွပ် လဲလှယ်လို့ ရပါပြီ'
ကောင်းချီးပေးသည့် ဘုန်းတော်ကြီးအသံကြောင့် မင်းမာန အိတ်ကပ်ထဲထည့်ထားသော လက်စွပ်ဘူးလေးကိုထုတ်ပြီး ဒယ်ဒီကို ပေးလိုက်သည်
မင်းမာန၏ ဒယ်ဒီဖြစ်သူ ဦးနေမင်းရှိန်မှာ အသက်လေးဆယ်နှင့် မလိုက်ဖတ်စွာ တည်ကြည်ခန့်ငြားဆဲ ဖြစ်သည်
လက်စွပ်ဝတ်ပြီးသောအခါ
'သတို့သားက သတို့သမီးကို နမ်းနိုင်ပါပြီ'
'ဖြောင်း...ဖြောင်း...ဖြောင်း...'
မင်္ဂလာခန်းမတစ်ခုလုံး လက်ခုပ်သံများဖြင့် ဆူညံသွားတော့သည်
မင်းမာန လက်ခုပ်တီးကာ သူ့ဒယ်ဒီကို ပြုံးပြီးကြည့်နေလိုက်သည်
မင်းမာနကို မွေးပြီးပြီးချင်း မာမီဆုံးသွားသောကြောင့် သူ့ဒယ်ဒီက မင်းမာနအတွက် အဖေလိုရော အမေလိုပါမက ညီအကိုလိုပါ ပေါင်းသင်းရသည့် အရင်းနှီးဆုံး လူသားပါ
မင်းမာန ဆိုသည်မှာ ဒယ်ဒီအတွက်သာဆို ဘာပဲလုပ်ရလုပ်ရ အကုန်လုပ်မည့် လူသာဖြစ်သည်
'ဟင့်.....'
တွေးကောင်းနေတုန်း ဘေးကရှိုက်သံလေးကြောင့် မာနကြည့်လိုက်တော့ ကောင်လေးက မျက်ရည်တွေကျနေပါပြီ
'ကျွတ်...'
သူများတွေ ပျော်နေတဲ့အချိန်မှာ ဒင်းလေးက ငိုနေစရာလား
မာနအိတ်ထဲကနေ လက်ကိုင်ပုဝါကို ထုတ်ပြီး ပေးလိုက်သည်
ချက်ချင်းမယူသေးပဲ မျက်ရည်တွေကြားထဲက မာနကို မော့ကြည့်နေပြန်သည်
'ဘာလဲ ကိုသုတ်ပေးရမှာလား'
မာန ရွဲ့ပြီး ပြောလိုက်ခါမှ ပုဝါကို ကပြာကယာ ယူသုတ်သည်
ကောင်းချီးပေးပြီးသွားပြီမို့ ထိုကောင်လေးနားကနေ ထွက်လာကာ မာနသူငယ်ချင်းတွေရှိသော ဝိုင်းတွင် သွားထိုင်နေလိုက်သည်
YOU ARE READING
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomanceUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...