33

5.9K 389 35
                                    

Uni

ဂိုထောင်ထဲတွင် ဦးမုန်းခန့်ထည်က ခုံတစ်လုံးပေါ်တွင်ထိုင်ကာ သူ့နောက်လိုက်တွေက နောက်တွင်ရပ်နေပြီး မာနအလာကို စောင့်နေကြသည်

မာန နဲနဲလောက် လျှောက်ဝင်လာပြီးသောအခါ ဦးမုန်းခန့်ထည်နှင့် သူ့နောက်လိုက်တွေကို တွေ့လိုက်ရသည်

'ရတု ဘယ်မှာလဲ'

မာန ရတုကို မမြင်မိတာကြောင့် ဦးမုန်းခန့်ထည်ကို မေးလိုက်သည်

'တစ်ယောက်ထဲ လာရဲတဲ့ မင်းရဲ့သတ္တိကိုတော့ ငါ လေးစားသွားပြီ'

ဦးမုန်းခန့်ထည်က လက်ခုပ်တီးကာ မာနကို  ပြန်ပြောလာသည်

'အပိုတွေ ပြောမနေနဲ့ ရတု ဘယ်မှာလဲ'

သေချာကြည့်မည်ဆိုလျှင် မာနရဲ့ ဒေါသရိပ်လွှမ်းနေသော မျက်လုံးတစ်စုံကို မြင်နိုင်ပါသည်

ဘာပဲဖြစ်ဖြစ် ရတုက မာနနှင့် ညီအကိုလိုရော သူငယ်ချင်းလိုပါ ရင်းနှီးရတဲ့ သူဖြစ်သည်

ဒီကောင်တွေ ရတုကို တစ်ခုခု လုပ်ပစ်လျှင် သူ လုံးဝခွင့်မလွှတ်နိုင်ပါ

'အာ အေးဆေးပေါ့ အရမ်းမလောပါနဲ့ မင်းကောင် ကောင်းကောင်းမွန်မွန် ရှိနေပါသေးတယ်'

ဦးမုန်းခန့်ထည် စကားကို ကြားခါမှ မာန ဒေါသကို တစ်ထစ်လျော့ပေးလိုက်သည်

'အဲ့တာဆိုလဲ သူ့ကို ခေါ်လာခဲ့လေ'

မာန ရတုကို မမြင်ရမချင်း စိတ်လုံးလုံး မလျှော့နိုင်သေးပါ

'ငါက အလုပ်လုပ်တဲ့ နေရာမှ ကတိတည်တက်တဲ့ သူပါ မင်းကို ယူလာခိုင်းတဲ့ ဟာတွေရော'

မာန သူနှင့်အတူ ပါလာသော လက်ဆွဲအိတ်ကို ဦးမုန်းခန့်ထည်ရှေ့ ပစ်ပေးလိုက်သည်

'အဲ့ထဲမှာ အကုန်ပါတယ် လူရော'

ဦးမုန်းခန့်ထည် ခေါင်းညိတ်ပြလိုက်သောအခါ သူ့နောက်လိုက်တွေထဲက တစ်ယောက်က မာန ပစ်ချထားသော လက်ဆွဲအိတ်ကို ကောက်ယူကာ အထဲက ဖိုင်တွေကို စစ်နေသည်

အချိန်အတော်လေးကြာမှ ထိုနောက်လိုက်က လက်ဆွဲအိတ်ကိုပိတ်ကာ ဦးမုန်းခန့်ထည်အနား လျှောက်သွားသည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now