25

12K 878 55
                                    

Zawgyi

မာနတို့ မိဘမဲ့ဂေဟာကနေ ပြန်လာတော့ လမ်းတွင် ဝန်းရံဖုန်းလေးက မြည်လာသည်

ဝန်းရံ ဖုန်းလေးကိုဖွင့်ကာ နားထောင်လိုက်သည်

'Happy Birthdayပါ မာမီ့ရဲ့ ကလေးလေး'

ဒေါ်ရွှေဝန်းရံ သူမသားလေးကို ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ကြောင်း ပြောလိုက်သည်

ဖုန်းထဲက သူ့မာမီ အသံကိုကြားလိုက်တာမလို့ ဝန်းရံပျော်သွားသည်

'မာမီ လွမ်းနေတာ'

'မာမီလဲ လွမ်းတာပေါ့ ဝန်းရံလေး မွေးနေ့ကနေစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ မာမီအနားမှာ အကြာကြီး နေနိုင်ပါစေလို့ မာမီဆုတောင်းပေးတယ်နော်'

'ပေးတဲ့ဆုနဲ့ ပြည့်ပါစေ မာမီတို့ ပြန်မလာသေးဘူးလား'

ဝန်းရံ သူ့မာမီဆီက ဖုန်းလာတိုင်း ပြန်မလာသေးဘူးလား ဆိုတာက မပါမဖြစ်ပါ

'အလည်ပဲ ပြန်လာဖြစ်တော့မယ် ထင်တယ် သားတို့ ဒယ်ဒီ လောဘကြီးနေတာလေ'

'ဝန်းရံ မွေးနေ့ကို မာမီ မေ့သွားပြီတောင် ထင်နေတာ'

'မာမီ သားမာနကို လှမ်းပြီး ပြောပြထားတယ်လေ'

အော် ဒါကြောင့် ဒီလူကြီး သူ့မွေးနေ့ကို သိနေတာကိုး

'အဲ့ဒါကြောင့် မာမီ့ကို ချစ်တာ'

'မာမီကလဲ ဝန်းရံလေးကို အရမ်းချစ်ပါတယ်နော်'

ဝန်းရံနှင့် သူ့မာမီ စကားပြောကာ အလွမ်းသယ်ပြီးနောက် ဝန်းရံဖုန်းချလိုက်သည်

'ဝန်းရံတို့ အားရင် မာမီတို့ဆီ သွားလည်ကြမယ်'

ဝန်းရံက မာနကို ပူစာသလိုလိုနှင့် ပြောလိုက်သည်

'အင်း ဝန်းရံသဘော'

မာနတို့ လေးယောက်လုံး အိမ်ပြန်ရောက်တော့ အိမ်အကူ အန်တီကြီးက အကုန်​ပြင်ဆင်ပေးထားကာ စောင့်ကြိုနေသည်

'ဝန်းရံအတွက် စပရိုက်ရှိတယ်'

နောက်ခန်းထဲမှာ ထိုင်နေတဲ့ မာန်ကပြောရင်း ဝန်းရံမျက်လုံးကို ပုဝါနှင့် စည်းပေးလိုက်သည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now