Part-3

25.4K 1.7K 27
                                    

(Zawgyi)

ဝန်းရံ ကို့ကိုယ်​ကို ဘာဖြစ်​သွားလဲ စဉ်းစားလို့မရ​သေး

ဟိုလူကြီးက ​ဒေါကန်​​နေတာနဲ့ ရွဲ့ပြီးတမင်​ကို အကျယ်​ကြီး ​အော်​ငိုပစ်​လိုက်​တာ

ထိုခဏ​လေးအတွင်း ဝန်းရံ​ခေါင်းထဲ ကြယ်​​တွေလ​တွေ လင်းလက်​ကုန်​သည်

ဒီလူကြီး ဝန်းရံကို နမ်းလိုက်​တာလား

ဝန်းရံ နှုတ်​ခါးဖျားမှာ နူးညံ့ညင်​သာ​သော အထိအ​တွေ့​လေး တစ်​ခု

ရှည်​ကြာစွဲမက်​ဖွယ်​ ​ကောင်းလွန်းလှ​သော အနမ်းတစ်​ခု

ဟမ်​ ဒီလူက ​ယောက်ျားတစ်​​ယောက်​​​လေ ဘာလို့ ဝန်းရံလို ​ယောက်ျား​လေးတစ်​​ယောက်​ကိုပဲ လာနမ်းရတာလဲ

ဝန်းရံက​ရော ဝန်းရံဘာလို့များ ဒီလူ့အနမ်း​တွေမှာ ယစ်​မူး​ပျော်​ဝင်​​နေရတာလဲ

ဝန်းရံ မရုန်းနိုင်​ မငြင်းဆန်​နိုင်​ပါ

မာန စိတ်​ကြိုက်​နမ်းပြီး​တော့ ဝန်းရံနှုတ်​ခမ်း​လေး​တွေကို မလွှတ်​ချင်​လွှတ်​ချင်​နှင့်​ လွှတ်​​ပေးလိုက်​သည်

'ဒီလိုကျ​တော့လဲ က​လေးက လိမ်​မာသားပဲ'

မာနအနမ်း​တွေကို မငြင်းပဲ ငြိမ်​​နေ​ပေးတာ​ကြောင့်​ မာန​ပြောလိုက်​ခြင်း ဖြစ်​သည်

မာနစကား​ကြောင့်​ ဝန်းရံက ဆက်​ခနဲ ​မော့ကြည့်​ကာ

'ခင်​ဗျား.....'

မာနရဲ့ နှုတ်​ခမ်းအစုံကို အကြည့်​​ရောက်​သွား​သောအခါ ဝန်းရံ ဘာမှဆက်​မ​ပြောနိုင်​​တော့ပဲ ​ခေါင်းငုံသွားသည်

'​အောက်​ပြန်​ဆင်းရ​အောင်​​လေ ဒယ်​ဒီတို့​တွေ ကိုတို့ကို ရှာ​နေ​လောက်​ပြီ'

ဝန်းရံဆီက​နေ ဘာသံမှမထွက်​ ​ခေါင်းသာ ငုံ့ထားသည်​မှာ လည်​ပင်းကျိုးလုမတက်​ ဖြစ်​သည်

မာနကလဲ စိတ်​ရှည်​သည့်​ လူမျိုးမဟုတ်​တာ​ကြောင့်​ ဝန်းရံလက်​ကိုဆွဲကာ ​အောက်​ပြန်​ဆင်းလာခဲ့သည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Onde histórias criam vida. Descubra agora