(Zawgyi)
မာန အဆင်ပြေလောက်မဲ့ ဆူရှီဆိုင်တစ်ဆိုင်ကိုရွေးကာ ကားကိုရပ်လိုက်လေသည်
'ဒီဆိုင်မှာ စားမလား'
ဝန်းရံက မာနကိုကျော်ကာ ဆိုင်ကိုအသေအချာ လှမ်းကြည့်နေလေသည်
ဆိုင်ကအတော်ကောင်းသောကြောင့် လူတွေကများနေပါသည်
'လူများတယ် မကြိုက်ဘူး'
အမှန်က လူများနေတာထက် ဝန်းရံက မာနကို တမင်ရစ်နေခြင်းသာဖြစ်သည်
'အိုကေ နောက်တစ်ဆိုင်ပေါ့'
မာန နောက်တစ်ဆိုင်ကိုရှာကာ ကားကိုရပ်လိုက်လေသည်
ဒီဆိုင်လေးကတော့ လူရှင်းနေသည်မို့ အဆင်ပြေပါသည်
'ဒီဆိုင်ကော'
မာနအမေးကို ဝန်းရံက ခေါင်းညိတ့်ရင်းနဲ့သာ အဖြေပေးလိုက်ပါသည်
ဆိုင်ထဲတွင် ထောင့်ဘက်ကျသော စားပွဲဝိုင်းကိုရွေးကာ မာနနှင့်ဝန်းရံက မျက်နှာချင်းဆိုင် ထိုင်နေပါသည်
'မင်း စားချင်တာ မှာ'
'ဆူရှီ အစုံ အကုန်ချပေး'
ဝိတ်တာလေးက ဦးညွှတ်ပြရင်း ထွက်သွားလေတော့သည်
'ခင်ဗျား ရုံးနောက်ကျနေဦးမယ်'
ဝန်းရံက မှန်တွေကာထားတဲ့ဘက်ကို မျက်နှာမူကာ ဆိုင်အပြင်ကိုငေးရင်း ပြောပါသည်
'ကို ခွင့်ယူလိုက်ပြီ'
မာနက ဝန်းရံမျက်နှာကို စိုက်ကြည့်ကာ အေးဆေးပဲပြောလိုက်သည်
'ဟင်...'
ဝန်းရံက တအံ့တသြနှင့် မာနဘက်ကို လှည့်ကြည့်လိုက်သောအခါ အကြည့်ချင်းဆုံသွားလေတော့သည်
ဝန်းရံကပဲ အရင်မျက်နှာလွှဲသွားကာ
'ဆောရီး ကျွန်တော့်ကြောင့် ခင်ဗျားအလုပ်ရှုပ်သွားပြီ'
![](https://img.wattpad.com/cover/178168633-288-k523714.jpg)
YOU ARE READING
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomanceUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...