Zawgyi
မာန ဝန်းရံထွက်သွားသောဘက်သို့ ပြေးသွားကာ လိုက်ရှာလိုက်သည်
တွေ့ပါပြီ ဝန်းရံက ဘာကိုသဘောကျနေသည်မသိ ပြုံးရယ်လို့
'ဝန်းရံ ကို...'
ဝန်းရံအရှေ့က ကောင်လေးတစ်ယောက်ကို နံရံကွယ်နေသောကြောင့် မာနမမြင်မိလိုက်
မုန်းမာန်ပြည့် မာနစိတ်ထဲကနေ နာမည်တစ်ခုကို တိုးတိုးလေးရွတ်လိုက်မိသည်
ဝန်းရံအနားသွားကာ မာနက ဝန်းရံပုခုံးကို ပိုင်စိုးပိုင်နင်းပဲ လှမ်းဖက်လိုက်သည်
မုန်းမာန်ပြည့်ရဲ့ မျက်ခုံးတစ်စုံက တွန့်ချိုးသွားတော့သည်
'ညီလေးက တစ်နေရာရာကို သွားမယ်ဆို ဒီကအကိုကို ပြောသွားမှပေါ့'
ဝန်းရံက မာနကို နားမလည်သလို မော့ကြည့်လာသော်လဲ ဘာမှတော့မပြော
'မာန် ဒါ ငါ့အကို'
'အရင်တစ်ခါ တွေ့ဖူးပေမဲ့ သေချာမနှုတ်ဆက်ရသေးဘူး ကျွန်တော့်နာမည် မုန်းမာန်ပြည့်ပါ'
မာန် ကမ်းပေးလာသောလက်ကို မာနက အလိုက်တသိပဲ လက်ဆွဲနှုတ်ဆက်လိုက်သည်
ဝန်းရံကို ဖက်ထားတဲ့ လက်ကိုတော့ လုံးဝမဖယ်
'ဝန်းရံ ငါသွားတော့မယ်'
မာန်က ဝန်းရံရဲ့ခေါင်းကို လှမ်းပုတ်ပြီး ထွက်သွားတော့သည်
'ခင်ဗျား ဘာဖြစ်နေတာလဲ'
မာနကိုဆို အမြဲစွာတေးလန်နေသော ဝန်းရံက ခုမှ အသိကပ်လာသည်ထင် မာနဖက်ထားသောလက်ကို ဆွဲဖယ်တော့သည်
မာနက ရုတ်တရက် ဝန်းရံရဲ့ခေါင်းကို ငုံ့နမ်းလိုက်လေသည်
ဝန်းရံ ကြောင်သွားကာ ဘာအသံမှ ထွက်မလာတော့
ရှော့ပင်းမောထဲမှ လူများကလဲ သူတို့နှစ်ယောက်အား ကွတ်ကြည့်ကွတ်ကြည့် လုပ်သွားကြလေသည်
'အကိုလို့ခေါ်'
'ဘာကြီး'
မာနပြောတာကို ဝန်းရံက ရုတ်တရက် နားမလည်ပဲ ပြန်မေးလိုက်သည်
![](https://img.wattpad.com/cover/178168633-288-k523714.jpg)
YOU ARE READING
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomanceUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...