Zawgyi
'ဒီကိစ္စက သမီးထင်သလောက် မလွယ်ဘူးနော် အဖေ...'
'ကျွန်မကို သမီးလို့မခေါ်နဲ့'
နှင်းပွင့်ဖြူနှင့် သူမအဖေအရင်းဖြစ်သူ ဦးရောင်ဝါလင်းတို့ စားသောက်ဆိုင်၏ သီးသန့်ခန်းတစ်ခုတွင် တွေ့နေကြသည်
နှင်းပွင့်ဖြူ၏ အစဉ်အမြဲ ကြည်လင်လှပနေသော မျက်နှာက ခက်ထန်စွာ စူးရဲနေပါသည်
ဦးရောင်ဝါလင်းက တစ်ချက်ပြုံးလိုက်ကာ
'ဟုတ်ပြီ ငါဝန်းရံခဆိုတဲ့ တစ်ယောက်အနားမှာ စောင့်ကြည့်ဖို့ လူလွှတ်ထားတယ်'
ထို့နောက် စကားစကို ခဏရပ်ကာ နှင်းပွင့်ဖြူကို အကဲခတ်လိုက်သည်
နှင်းပွင့်ဖြူက သူ့စကားကို စိတ်ဝင်တစား နားထောင်နေကြောင်း သေချာမှ
'အဲ့ကောင်လေးကိုထိဖို့က မလွယ်ဘူး သူ့အနားမှာ မင်းမာနဆိုတဲ့ကောင်က အမြဲရှိနေတယ် ငါတို့သူ့ကိုအရင်ရှင်း...'
'သူ့ကို ထိစရာ မလိုဘူး'
ဦးရောင်ဝါလင်းရဲ့ စကားကို နှင်းပွင့်ဖြူက အမြန်ဖြတ်ပြောလိုက်သည်
'ရှင်တို့ မင်းမာနအနားကနေ ဝန်းရံခ ထွက်သွားအောင် လုပ်ချင်တာ လုပ်လို့ရတယ် မင်းမာနကို လုံးဝမထိပဲနဲ့ပေါ့'
'ကောင်းပြီ ကောင်းပြီ ငါ သဘောပေါက်ပြီ'
ထိုအချိန် ဦးရောင်ဝါလင်း၏ အိတ်ကပ်ထဲက ဖုန်းကမြည်လာသည်
သူကြည့်လိုက်တော့ မင်းမာနတို့ အနားတွင် သူလွှတ်ထားသော လူဆီကဖြစ်သည်
'ပြောရင်းဆိုရင်း ဟိုတစ်ကောင်တောင် ဖုန်းခေါ်လာပြီ'
နှင်းပွင့်ဖြူကို ပြောသလိုလိုနှင့် သူ့ဘာသာသူပြောရင်း ဖုန်းကိုင်လိုက်သည်
'ပြော ဘာအခြေအနေထူးလဲ'
'ဆရာ ဟိုနှစ်ယောက် ခုနေ့ သိပ်ပြီးအခြေအနေ မဟန်သလိုပဲ'
'ဘာဖြစ်နေလို့လဲ'
'သူတို့ တစ်ယောက်နဲ့တစ်ယောက် စိတ်တိုနေတယ်ထင်တယ် ဟိုကောင်လေးက သူ့ဘေးနားက တစ်ယောက်ကို တောက်လျောက် နှင်လွှတ်နေတာ'
![](https://img.wattpad.com/cover/178168633-288-k523714.jpg)
YOU ARE READING
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomanceUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...