(Zawgyi)
ဧည့်ခန်းထဲရောက်သောအခါ မာန ပုခုံးပေါ် ထမ်းလာသော ဝန်းရံကို ဆိုဖာပေါ် ပစ်ချလိုက်သည်
'အင့်...ခင်ဗျား တော်တော်အကျင့်မကောင်းတာပဲ ဝန်းရံ မာမီနောက်ကို လိုက်သွားမှာ သိလား'
ဆိုဖာပေါ်ကနေ မာနကို မျိုးစုံရန်တွေ့နေသော ဝန်းရံကြောင့် မာနရီချင်လာသည်
'လိုက်သွားလေ ကိုယ်လဲမင်းကို ပြန်ထမ်းခေါ်လာဖို့ ဝန်မလေးဘူး'
'ခင်ဗျား...လူယုတ်မာ'
ဝန်းရံစကားကြောင့် မာန ဆက်ခနဲလှည့်ကာ ဝန်းရံမျက်လုံးထဲကို တည့်တည့်ကြည့်ပစ်လိုက်သည်
ထို့နောက် မာန ပစ်ချထားသည့်အတိုင်း ဆိုဖာပေါ်ကနေ မထသေးသော ဝန်းရံအပေါ်ကနေ အုပ်မိုးကာ
'အဟက် လူယုတ်မာ ဟုတ်လား အဲ့တာ ဘယ်လိုလဲဆိုတာ မင်းသိလို့လား'
ဝန်းရံဆီကနေ ဘာအသံမှ ထပ်ထွက်မလာတော့ပေ
မာန နှုတ်ခမ်းတစ်ဖက်ထဲ တွန့်ရုံပြုံးလိုက်ကာ
'မင်းသိချင်ရင် ကိုသက်သေပြလို့ ရပါတယ်'
'အား...ခင်ဗျားကြီး ကျုပ်အပေါ်ကနေ ခုဖယ်'
ဝန်းရံက မာနကို တွန်းပစ်ကာ အိမ်အပေါ်ထက်ထိ တက်ပြေးသွားတော့သည်
'ဟူး...'
မာနတစ်ယောက်ထဲ ကျန်ခဲ့ရင်း လည်ပင်းက နက်တိုင်ကို ဆွဲချကာ ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်
'တီ...တီ...တီ...'
မာနရုံးခန်းထဲမှာ အလုပ်လုပ်နေရင်း လက်ကိုင်ဖုန်းက မြည်လာတာကြောင့် လုပ်လက်စကို ခဏရပ်ထားကာ ကိုင်လိုက်သည်
'ဟဲလို ဒယ်ဒီ'
'အေး မာနရေ အလုပ်တွေ အဆင်ပြေရဲ့လားကွ'
'ဟုတ် အဆင်ပြေပါတယ် ဒယ်ဒီ ဒယ်ဒီတို့သာ ပျော်အောင်နေပြီးမှ ပြန်လာခဲ့ကြပါ'
KAMU SEDANG MEMBACA
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomansaUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...