20

14.4K 1K 43
                                    

Zawgyi

'အန်တီ ဝန်းရံကော'

မာန ရုံးဆင်းလို့ အိမ်ပြန်ရောက်တိုင်း မေးသည်က ဝန်းရံပဲ ဖြစ်သည်

ဝုတ် ဝုတ် ဝုတ်

အန်တီကြီးကပြုံးကာ မာနလက်ထဲက လက်ဆွဲအိတ်ကို ယူပေးသလို စနိုးကလဲ မာနကို အပြေးလာကြိုသည်

စနိုးကိုမြင်တော့ ဝန်းရံ ဒီအနားမှာပဲဆိုတာ မာနသိလိုက်သည်

'စနိုး မင်းသခင်ကော'

စနိုး ကြိုက်တာတွေကို မာနက ခဏခဏဝယ်လာပေးတာမလို့ စနိုးနှင့်သူ တည့်နေပါပြီ

ဝုတ် ဝုတ် ဝုတ်

စနိုးက မာနအရှေ့ကနေ ဧည့်ခန်းထဲ ပြေးဝင်သွားတာမလို့ မာန နောက်ကနေ လိုက်သွားလိုက်သည်

တွေ့ပါပြီ ဝန်းရံက ဆိုဖာပေါ်မှာ ငုတ်တုတ်လေး ဇွန်းတစ်ချောင်းကို ပါးစပ်ထဲ ကိုက်ထားသည်

တီဗီထိုင်ကြည့်နေတာ မျက်ရည်တွေတောင် ဝဲလို့ စနိုးက ဝန်းရံပေါင်ပေါ် တက်ထိုင်သည်

မာန ဝန်းရံကိုကြည့်ပြီး ပြုံးကာ ဆိုဖာပေါ် ထိုင်လိုက်သည်

'ဘာတွေစားနေတာလဲ'

'ဟင့် ပန်ကိတ် ရွှတ်'

'ဘာတွေ အဲ့လောက်တောင် ဝမ်းနည်းနေတာလဲ'

မာန ဝန်းရံခေါင်းက ဆံပင်တွေကို လှမ်းဖွကာ မေးလိုက်သည်

'ဒီကားထဲက မင်းသမီးလေး သနားပါတယ်'

ဝန်းရံက တီဗီကနေ အကြည့်မလွှဲပဲ ပြန်ဖြေသည်

'ဝန်းရံကလဲ ဒါ ဇာတ်ကားလေ တကယ်မှ မဟုတ်တာ'

'မသိဘူးဗျာ သူသနားဖို့ကောင်းလို့ဟာ'

မာန စကားကို ဝန်းရံက နှုတ်ခမ်းဆူပြီး ပြန်ပြောသည်

'ဟုတ်ပြီ ဟုတ်ပြီ ကို့ကိုကော ပန်ကိတ် မကျွေးချင်ဘူးလား'

'ကြီးကြီးဆီမှာ အများကြီးရှိတယ် သွားတောင်းစား'

အိမ်အကူ အန်တီကြီးကို မာနက အန်တီခေါ်ပေမဲ့ ဝန်းရံကတော့ ကြီးကြီးပဲ ခေါ်ပါသည်

'ဟင် ဝန်းရံလုပ်ထားတာ မဟုတ်ဘူးလား'

ဝန်းရံက မာနကို လှည့်ကြည့်သည် အကြည့်က ကျွန်တော် ခင်ဗျားကို စိတ်မရှည်တော့ဘူးဆိုသော အကြည့်နှင့်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now